အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေရဲ့တရားခံ

အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေရဲ့တရားခံ

မြေပြင်ထိန်းချုပ်နိုင်မှုလျော့ကျလာတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြှင့် လုပ်ဆောင်လာတာတွေ့ရပါတယ်။

အခုနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲတွေမှာ လေကြောင်း ပစ်ကူမပါတဲ့ တိုက်ပွဲဆိုလို့ ခပရှားရှားပါပဲ။

ဒါ့အပြင်စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတိုက်ခိုက်မှုတွေကိုပါ စစ်ကောင်စီဘက်ကကျူးလွန်လာတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကနေ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၁ ကြိမ် အထိမြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုထားပါတယ်။

၂၀၂၃ ခုနှစ်လေးလတာ အတွင်းမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်လုပ်ထားပြီးစစ်ရေးပစ်မှတ်မဟုတ်တဲ့ တိုက်ခိုက်မှု တွေကိုပါ ပိုမိုကျူးလွန်လာခဲ့တာ တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required