ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ပွဲ

By ပါခွီး (မဇ္စျိမ)
28 April 2023
ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ပွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ပွဲကို ဧပြီလ ၂၈ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “စစ်တပ်စီးပွားထောက်တိုင်မှန်သမျှ လူထုအားနဲ့ ဖြိုဖျက်ကြ”  စာတန်းကို ကိုင်ဆွဲ၍ စစ်ကာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။

 ယနေ့ ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်ကော်မတီ၏  ဆန္ဒပြ ရက်ပေါင်း ၇၇၆ ရက် ဖြစ်ကြောင်းသိရသည်။ 

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly