မော်ခီးတပ်စခန်းမှာ အမျိုးသမီးအချို့ လိင်ကျွန်ပြု ခံနေရတယ်လို့ ထွက်ပြေးလာတဲ့ CDM စစ်သားပြော

မော်ခီးတပ်စခန်းမှာ အမျိုးသမီးအချို့ လိင်ကျွန်ပြု ခံနေရတယ်လို့ ထွက်ပြေးလာတဲ့ CDM စစ်သားပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ မောခီးတပ်စခန်းမှာ စခန်းအရာရှိတွေက အမျိုးသမီးအချို့ကို ‌လိင်ကျွန်ပြု ခိုင်းတာတွေ ရှိနေတယ်လို့  မော်ခီးတပ်စခန်းက ထွက်ပြေးလာတဲ့ CDM  စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။ 

အဲဒီတပ်စခန်းမှာ အရာရှိတွေသာမက အောက်ခြေစစ်သားတွေကလည်း ဖမ်းဆီးမိထားသူတွေကို လိင်ဖျော်ဖြေ ပြုလုပ်ခိုင်းတာတွေ ရှိတယ်လို့လည်း အဲဒီ CDM စစ်သားက ပြောပါတယ်။

စစ်ကောင်းစီတပ်သားတွေရဲ့ လိင်ဖျော်ဖြေ စေခိုင်းမှုကို ငြင်းဆန်ပါက သတ်ပစ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားကြောင်းလည်း သူကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်စခန်းတွေမှာ စစ်ကောင်စီတပ်သားတွေကို အလုပ်ပိုလုပ်နိုင်စေဖို့ မူးယစ်ဆေးဝါးတွေကိုလည်း တပ်ရင်းမှူးတွေကိုယ်တိုင် သုံးစွဲခွင့်ပြုထားတယ်လို့လည်း ပြောပါတယ်။

မော်ခီးတပ်စခန်းက ထွက်ပြေးလာတဲ့ CDM စစ်သား (လောလောဆယ်မှာ သူ့ရဲ့လုံခြုံရေးအရ မျက်နှာကို ဖုံးအုပ်ထားပါတယ်) ကို မဇ္ဈိမသတင်းထောက် ဂျူချန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း/တည်းဖြတ်-ဂျူချန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly