မူဆယ်တွင် ၂၂ ဘီး ကုန်တင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိ၍ လူ ၆ ဦးသေဆုံး

By ဂျူချန်း (မဇ္ဈိမ)
17 April 2023
မူဆယ်တွင် ၂၂ ဘီး ကုန်တင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိ၍ လူ ၆ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် သဲများတင်ဆောင်လာသည့် ၂၂ ဘီးကားတစ်စီးတိမ်း မှောက်ရာမှ အိမ်စီးကားတစ်စီးပေါ်ပိမိသဖြင့် အိမ်စီးကားပေါ်မှ လူခြောက်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မူဆယ်မြို့မှ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်သို့သွားရာလမ်း၌ ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သဲများတင်ဆောင်လာသည့် ၂၂ ဘီးတွဲယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ ခြင်းဟု မီးသတ်တပ်ဖွဲ့ကထုတ်ပြန်သည်။

အဆိုပါ ၂၂ ဘီးယာဉ်သည် တစ်ဖက်ယာဉ်ကျောမှမောင်းနှင်လာသည့် အိမ်စီးကားပေါ်ပိမိခဲ့သဖြင့် အိမ်စီး ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးလေးဦး၊ အမျိုးသားနှစ်ဦး၊ စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ရ သည်။

“တွဲကားမောင်းတဲ့ ကားသမားကတော့ ဘာမှ မဖြစ်ဘူးလို့တော့ ကြားတယ်။ ကားကတော့ ပြားချပ်သွား တာပေါ့။ အသက်ရှင်တဲ့သူများရှိမလားလို့ ဆင်းသွားတဲ့အခါ အားလုံးက ကားအောက်မှာပိနေတော့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့နဲ့ ခရိုင်မီးသတ်တပ်ဖွဲ့နဲ့ ကျနော်နဲ့ အလောင်းတွေ ဆွဲထုတ်နေတော့ (တွဲကားမောင်း သည့်) ကားသမားကို သတိမထားလိုက်မိဘူး။ ကျနော်တို့သွားတော့ အကုန်လုံးက ဆုံးနေပြီ” ဟု မြင့်မြတ် ပါရမီ ပရဟိတအသင်းက ပြောသည်။

အဆိုပါသေဆုံးသူခြောက်ဦးအား မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်း ပရဟိတအသင်းနှင့် လက်ဘက်ညွန်ပရဟိတအသင်းတို့မှ မူဆယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မူဆယ်မြို့

#ရှမ်းပြည်မြောက်ပိုင်း

#၂၂ဘီးယာဉ်

#အိမ်စီးကား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly