အားကစားသမားတွေရဲ့ ပြန်လည်ဝင်ရောက်ခွင့်အတွက် IOC စံနှုန်းတွေက 'ခွဲခြားဆက်ဆံခြင်း'ဖြစ်တယ်လို့ ရုရှားအိုလံပစ်အကြီးအကဲ ပြော

အားကစားသမားတွေရဲ့ ပြန်လည်ဝင်ရောက်ခွင့်အတွက် IOC စံနှုန်းတွေက 'ခွဲခြားဆက်ဆံခြင်း'ဖြစ်တယ်လို့ ရုရှားအိုလံပစ်အကြီးအကဲ ပြော
 ရုရှားအိုလံပစ်ကော်မတီအကြီးအကဲ စတန်နီစလပ် ပိုဇီယာကိုဗ် (Photo: EPA)

ရုရှားနဲ့ ဘီလာရုစ် အားကစားသမားအချို့ နိုင်ငံတကာပြိုင်ပွဲတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုမယ့် နိုင်ငံတကာအိုလံပစ်ကော်မတီဆီက အဆိုပြုချက်တွေမှာ "ခွဲခြားဆက်ဆံခြင်း"ဖြစ်တယ်လို့ ရုရှားအိုလံပစ်ကော်မတီအကြီးအကဲက အင်္ဂါနေ့က ပြောပါတယ်။

"နိုင်ငံတကာ ပြိုင်ပွဲတွေ ပြန်ဝင်ဖို့ ကြေညာထားတဲ့ စံနှုန်းတွေက လက်မခံနိုင်စရာပါပဲ။ ဒါက နိုင်ငံသားအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာပဲ"လို့ စတန်နီစလပ် ပိုဇီယာကိုဗ်ရဲ့ ပြောကြားချက်ကို ရုရှားသတင်းအေဂျင်စီတွေက ကိုးကားဖော်ပြခဲ့ပါတယ်။

"အမှုဆောင်ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ အဓိပ္ပာယ်မဲ့ပြီး၊ IOC နဲ့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေကို ချိုးဖောက်ပါတယ်။ နိုင်ငံတိုင်းကနေ အားကစားသမားတွေအတွက် တန်းတူညီမျှတဲ့ အခြေအနေတွေကို ကျနော်တို့ တောင်းဆိုပါတယ်" ဟု ပိုဇီယာကိုဗ်က ပြောကြားခဲ့သည်။

ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေကို ကြားနေအလံအောက်နဲ့ နိုင်ငံတော်သီချင်းမပါဘဲ သီးခြားအဖြစ် ပြန်လည်ယှဉ်ပြိုင်ဖို့ အားကစားအဖွဲ့ချုပ်တွေနဲ့ ပွဲစီစဉ်သူမျာတွေကို IOC က အကြံပြုခဲ့ပါတယ်။

IOC က ရုရှား ဒါမှမဟုတ် ဘီလာရုစ်နိုင်ငံကူးလက်မှတ်နဲ့အတူ "အားကစားသမားအဖွဲ့တွေ"ကို ထည့်သွင်းစဉ်းစားပေးလို့ မရနိုင်ဘူးလို့လည်း ပြောပါတယ်။

"ရုရှား ဒါမှမဟုတ် ဘီလာရုစစ်တပ် ဒါမှမဟုတ် အမျိုးသားလုံခြုံရေးအေဂျင်စီတွေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အားကစားသမားတွေ"အပြင် "စစ်ပွဲကို တက်ကြွစွာ ထောက်ခံအားပေးတဲ့ အားကစားသမားတွေ"လည်း ပြိုင်ပွဲကို လွဲချော်ပါလိမ့်မယ်။

ပိုဇီယာကို့ဗ်ရဲ့ အဆိုအရ စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ အားကစားသမားတွေအပေါ် ဆုံးဖြတ်ချက်ဟာ "ရုရှားအားကစားအသိုင်းအဝိုင်းမှာ ပဋိပက္ခဖြစ်စေတယ်"လို့ ဆိုပါတယ်။

ယူကရိန်းမှာ မော်စကိုရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံနှစ်နိုင်ငံက အားကစားသမားတွေကို ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီးနောက် ရုရှားနဲ့ ဘီလာရုအားကစားသမားအချို့အတွက် တံခါးဖွင့်ဖို့ IOC ရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်အမှားကို ဝန်ခံတာဖြစ်တယ်လို့ ပိုဇီယာကို့ဗ်က ထပ်မံပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း IOC က လာမယ့်နှစ် ပါရီအိုလံပစ်မှာ သူတို့တွေ ပါဝင်လာနိုင်ခြေနဲ့ ပတ်သက်လို့ အင်္ဂါနေ့က အစီအစဉ်ကို မထုတ်ပြန်ခဲ့ပါဘူး။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required