စစ်အုပ်စု၏ လူမဆန်သည့် လုပ်ရပ်များအား တားဆီးပေးရန် တရုတ်နိုင်ငံကို NUG ယာယီသမ္မတ တိုက်တွန်း 

စစ်အုပ်စု၏ လူမဆန်သည့် လုပ်ရပ်များအား တားဆီးပေးရန် တရုတ်နိုင်ငံကို NUG ယာယီသမ္မတ တိုက်တွန်း 

တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့ ပိုမိုဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 
မတ်လ(၂၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၁၁)ကြိမ် မြောက်  အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ 

“မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြားဝင်လုပ်ဆောင်ပေးမှုကိုလည်း ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမို ဆောင် ရွက်ပေး ဖို့ကို တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတက ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်သစ်ဖြစ်တဲ့ မစ္စတာတိန့်ရှီကျွန်းက မင်းအောင်လှိုင်နဲ့ တွေ့ဆုံခြင်း၊ ဝတပ်ဖွဲ့ (UWSA)၊ ကချင်အဖွဲ့(KIA)အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနဲ့ တွေ့ဆုံခြင်းကို လုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required