မကွေးမြို့နယ်၊ ကြာကန်ရွာမှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ်ပြုလုပ်နေ

မကွေးမြို့နယ်၊ ကြာကန်ရွာမှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ်ပြုလုပ်နေ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာရဲ့ လယ်တောတစ်နေရာမှာ ပုဂံမျှော်ရွာက ကိုမြလင်းနဲ့ ကြာကန်ရွာက ကိုနေလင်းတို့ဦးဆောင်ပြီး ကြက်ဝိုင်းနဲ့လောင်းကစားဝိုင်းတွေပြုလုပ်နေကြပါတယ်။

စစ်ကောင်စီနှင့် ညောင်ကန်ရဲစခန်းကို လိုင်းကြေးပေးပြီး ကြာကန်ကျေးရွာက ဦးညိုအေးနဲ့ ဦးလေးအောင် တို့ရဲ့ယာမြေအစပ်မှာ ကြက်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ တစ်ပါတ်နှစ်ရက် အပါတ်စဉ်ပြုလုပ်နေကြတာပါ။

အဲဒီလို လုပ်နေတာ တစ်လနဲ့ နှစ်ပါတ်လောက်ရှိပါပြီ။ လိုင်းကြေးပေးရတာတော့သိပေမယ့် ဘယ်လောက် ပေးရတယ်ကတော့ မသိပါဘူး။

လောင်းကစားဝိုင်းတွေ ဦးဆောင်ကျင်းပနေတဲ့ ကိုမြလင်းက ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ကိုနေလင်း ကတော့ စစ်ကောင်စီသတင်းပေးတစ်ဦး ဖြစ်ပါတယ်။

နွား၊ ခြံ၊ ယာမြေတွေနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ပေါင်နှံရောင်းချကာ လောင်းကစားပြုလုပ်နေကြလို့ တချို့ မိသားစုတွေ ဒုက္ခရောက်နေကြပါတယ်။

ပြည်သူတွေရဲ့လုပ်အားကို အလဟသကုန်ဆုံးခြင်း မဖြစ်စေရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတားမဖြစ်စေရန်နဲ့ စီးပွားရေးနည်းလမ်းမဟုတ်သည့် မလျော်ကံသောနည်းလမ်းများဖြင့် ငွေရှာဖွေနေ ခြင်းများအား တားဆီးနိုင်ရန်ရည်ရွယ်ပြီး လောင်းကစားပြုလုပ်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထား ပေမယ့် လက်ရှိမှာတော့ လောင်းကစားဝိုင်းတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံနှင့်အဝှမ်းမှာ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပြီး လူစည်ကားစေရန် ရည်ရွယ်ချက်၊ ဆက်ကြေးရရှိရန် ရည်ရွယ်ချက် တွေနဲ့ မသိကျိုးကျွံပြုကာ ခွင့်ပြုပေးနေကြပါတယ်။

ဒီအခြေအနေကို မဇ္ဈိမ အယ်ဒီတာထံပေးစာကတစ်ဆင့် အများပြည်သူသိရှိနိုင်အောင် ရေးသားလိုက်ရ ပါတယ်။

ပြည်သူတစ်ဦး

#Mizzima

#အယ်ဒီတာထံပေးစာ

#မကွေးတိုင်း

#မကွေးမြို့နယ်

#လောင်းကစားဝိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly