နွေရာသီမှာ စစ်ဘေးရှောင်သောင်းချီ ရေအခက်အခဲရှိနိုင်တယ်လို့ ကူညီသူတွေပြော (ရုပ်သံ)

By KMN (မဇ္ဈိမ)
13 March 2023
နွေရာသီမှာ စစ်ဘေးရှောင်သောင်းချီ ရေအခက်အခဲရှိနိုင်တယ်လို့ ကူညီသူတွေပြော (ရုပ်သံ)

ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစတဲ့ ဒေသတွေမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီး ခြင်းကြောင့်  သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်နေရသူတွေဟာ  လာမယ့်နွေရာသီကာလမှာ ရေအခက်အခဲ ကြုံတွေ့နိုင်တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက မဇ္ဈိမကို ပြောပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်အများစုမှာ စစ်ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် မီးပတ် ရှို့နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာပြေးနေကြရပြီး မသန့်ရှင်းတဲ့ရေကို သုံးစွဲနေကြရပါတယ်။ လာမယ့်နွေရာသီကာလာဟာ အယ်လ်နီညိုအကျိုးသက်ရောက်မှုကြောင့် ပူပြင်းခြောက်သွေ့တဲ့နှစ်ဖြစ် တဲ့အတွက် သောက်သုံးရေ ကြိုတင်ပြင်ဆင်ထားကြဖို့ ရာသီဥတုလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ မေလကစပြီး စစ်ကောင်စီတပ်က ကျေးရွာ ၈၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာ ကြောင့် လူဦးရေ ၁၈၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းပြီးချိန်ကတည်းကနေ လက်ရှိအချိန်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၅၀,၀၀၀ နီးပါး ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးမှုးရုံး UNOCHA က မတ်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required