အမေရိကန် သမိုင်းတွင် ဒုတိယမြောက် အကြီးဆုံး ဘဏ်ပြိုလဲမှု ဖြစ် 

အမေရိကန် သမိုင်းတွင် ဒုတိယမြောက် အကြီးဆုံး ဘဏ်ပြိုလဲမှု ဖြစ် 

CBC 

အမေရိကန်နိုင်ငံရှိ Silicon Valley ထိပ်တန်းဘဏ်တစ်ခုမှ ပိုင်ဆိုင်မှုအာမခံ (assets) များကို စည်းမျဉ်းထိန်းမတ်သူများက သောကြာနေ့တွင် အရေးတကြီး သိမ်းယူခဲ့ရသည်။ ယင်းကြောင့် လွန်ခဲ့သည့် ၁၅ နှစ်နီးပါးမှစသော ဘဏ္ဍာရေး အကျပ်အတည်း မြင့်မားချိန်မှစပြီး အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်း၏ အကြီးဆုံး ကျဆုံးမှု တစ်ရပ် ဖြစ်သည်။ 

အမေရိကန်တွင် ၁၆ ခုမြောက် အကြီးဆုံး ဘဏ်ဖြစ်သော Silicon Valley ဘဏ်သည် အခြေအနေ မဟန်တော့ဟု စိုးရိမ်ပူပန်မှုများကြား ယခုသီတင်းပတ်၌ အပ်နှံသူများက ငွေများ အလောသုံးဆယ် ထုတ်ယူကြရာ ဘဏ်ကျဆုံးမှု ဖြစ်ပွားတော့သည်။ ယင်းသည် ၂၀၀၈ ခုနှစ်က Washington Mutual ဘဏ် ပြိုလဲပြီးနောက်ပိုင်း အမေရိကန်သမိုင်းတွင်  ဒုတိယမြောက် အကြီးဆုံးသော ဘဏ်ကျရှုံးမှုပဲ ဖြစ်သည်။ 

အဆိုပါ ဘဏ်သည် နည်းပညာအလုပ်သမားများနှင့် စက်မှုလုပ်ငန်းတွင် အထင်ကရ တံဆိပ်များ အပါအဝင်ဖြစ်သော အကျိုးတူဖက်စပ် ကုမ္ပဏီများကို ဝန်ဆောင်မှု ပေးနေသည့် ဘဏ်ပဲ ဖြစ်သည်။ 

“ဒါဟာ အစပျိုး လုပ်ငန်းတွေအတွက် တိမ်ကောပျောက်ကွယ်မှု ဖြစ်ရပ်တစ်ခုပဲ”ဟု Airbnb၊ DoorDash နှင့် Dropbox တို့ကို လုပ်ဆောင်နေသည့် Y Combinator ကုမ္ပဏီမှ စီအီးအို ဂါရီ တန်က ပြောသည်။ ယခု ဘဏ်တွင် စွန့်ဦးလုပ်ငန်းရှင် ရာပေါင်းများစွာ ဖောက်သည်ရှိထားခြင်းကို ၎င်းက ရည်ညွှန်းပြောခြင်း ဖြစ်သည်။ 

“အခုလို ဘဏ်ကျရှုံးတော့ ကျွန်တော်တို့ စွန့်ဦးလုပ်ငန်း တည်ထောင်သူ ရာပေါင်းများစွာထံကနေ ဘယ်လို လုပ်ကြရမလဲလို့ မေးတာမြန်းတာတွေ တိုက်ရိုက် ကြားရတယ်၊ အလုပ်သမားတွေကို ခွင့်ပေးထားရမလားဆိုပြီး မေးကြတာပဲ”ဟု ၎င်းက ပြောသည်။ 

မဟာစီးပွားပျက်ကပ်ဆီ ဦးတည်နေသည်ဆို‌သော ကျယ်ပြန့်သည့် ဘဏ္ဍာရေးကဏ္ဍအတွင်း လအတန်ကြာ ပြန့်နှံ့နေသည့် ဝရုန်းသုန်းကား အခြေအနေအတွက်လည်း ဂယ်ပေါက်က အနည်းအကျဉ်းပဲ ရှိနေပုံ ရသည်။ စီးပွားရေး ပျော်ကျမှု ဖြစ်တန်ခြေ ရှိနေသော အကြီးဆုံး ဘဏ်များတွင် ငွေလက်ကျန်ရှင်းတမ်းနှင့် ရင်းနှီးငွေများ အမြောက်အမြား ရှိထားသည်။ 

အကျိုးတူ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများထံမှ အစောပိုင်းက ရန်ပုံငွေ ရယူပြီး ပြီးခဲ့သည့်နှစ်တွင် အများပိုင်ကုမ္ပဏီများ ဖြစ်လာခဲ့သော အမေရိကန် နည်းပညာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီများ၏ ထက်ဝက်နီးပါးသည် Silicin Valley Bank (SVB) မှ ဝန်ဆောင်မှု ရယူကြသူများ ဖြစ်ကြောင်း ဘဏ်၏ ဝက်ဘ်ဆိုက်အရ သိရသည်။ 

SVB ဘဏ်သည် Shopify၊ ZipRecruiter ကဲ့သို့သော ဦးဆောင် နည်းပညာကုမ္ပဏီများနှင့် ထိပ်တန်း ဖက်စပ် ငွေလုံးငွေရင်း ကုမ္ပဏီတစ်ခုဖြစ်သော Andreesson Horowitz တို့နှင့်လည်း ချိတ်ဆက်မှု ရှိထားသည်ဟု ထုတ်ဖော်ပြောထားသည်။ 

ဘဏ်ထံမှ ငွေ ထုတ်ယူ၍ မရပါက Y Combinator ၏ အစပျိုးလုပ်ငန်း သုံးပုံတစ်ပုံနီးပါးသည် လာမည့်လ၌ အမှုထမ်းလစာများ ပေးရန် တတ်နိုင်လိမ့်မည် မဟုတ်ကြောင်း တန်က ခန့်မှန်းထားသည်။ 

ယခု ဘဏ်ပြိုလဲမှု၌ အင်တာနက်တီဗီ ထုတ်လွှင့်သည့် Roku ကုမ္ပဏီလည်း ထိခိုက်နစ်နာသည်။ စည်းမျဉ်းထိန်းမတ်သူများထံ တင်ပြရာ၌ ကုမ္ပဏီ၏ ငွေသား ၂၆ ရာခိုင်နှုန်းနီးပါး အမေရိကန်ဒေါ်လာ ၄၈၇ သန်းကို SVB ဘဏ်၌ အပ်နှံထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ 

SVB တွင် အပ်နှံငွေများသည် အာမမခံနိုင်တော့ကြောင်းနှင့် မည်မျှ အတိုင်းအတာပဲ ပြန်ရမည်ကို မသိရှိကြောင်း Roku ကုမ္ပဏီက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly