စစ်အာဏာသိမ်းမှုအောက် မြန်မာအမျိုးသမီးများ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာ

08 March 2023
စစ်အာဏာသိမ်းမှုအောက် မြန်မာအမျိုးသမီးများ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာ

စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းဆိုရှယ်မီဒီယာတွေပေါ်မှာ စနစ်တကျနဲ့တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ ကိုယ်ရေးအချက်အလက်တွေ ထုတ်ဖော်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုတွေ ခံနေရတယ်လို့ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အမျိုးသမီးဆိုင်ရာဆွေးနွေးပွဲတခုမှာ ပြောလိုက်ပါတယ်။

အမျိုးသမီးများအခြေပြကော်မရှင် CSW ရဲ့ ၆၇ ကြိမ်မြောက်ညီလာခံကို ကျင်းပနေရာမှာ မြန်မာအမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ညီလာခံပြင်ပမှာ သီးသန့်ခေါင်းစဉ်တခုနဲ့ COVID-19 ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တင်ပြဆွေး‌နွေးခဲ့ကြပါတယ်။

အမျိုးသမီအရေးနဲ့ လူ့အခွင့်အရေး လှုံ့ဆော်စည်းရုံးတာတွေကို ဒစ်ဂျစ်တဲလ် နည်းပညာနဲ့ ကျယ်ပြန့်တွင်ကျယ်အောင်လုပ်နိုင်နေပေမယ့် တပြိုင်တည်းမှာ လူမှုကွန်ရက်တွေပေါ်မှာ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ အမျိုးသမီးတွေဟာ အသက်အန္တရာယ်ကြုံတဲ့အထိ တိုက်ခိုက်ခြိမ်းခြောက်ခံနေရတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required