တရုတ် သမ္မတက ကိုဗစ်အလွန်ကာလစီးပွားရေး ပြန်လည်နာလန်ထူရန် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပစ်မှတ်ထား 

တရုတ် သမ္မတက ကိုဗစ်အလွန်ကာလစီးပွားရေး ပြန်လည်နာလန်ထူရန် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပစ်မှတ်ထား 

ရုန်းကန်နေရသော စီးပွားရေးကို ပြန်လည်အသက်သွင်းရေးအတွက် တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်၏ အထက်မှ အောက်သို့ အစီအစဉ်ချမှတ်ကြိုးပမ်းမှုတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ပျက်စီးသွားမှုများကို ထည့်သွင်းစဉ်းစားထားခြင်းမရှိကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

အာရှ၏ ၁၉၉၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း တရုတ်၏ ထိရောက်သော တုံ့ပြန်မှုများကို ကိုးကားလျက် ရေအားလျှပ်စစ်၊ ကားလမ်းများနှင့် မြန်နှုန်းမြင့် ရထားလမ်းများ အပါအဝင် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများကို အစိုးရက ရန်ပုံငွေပံ့ပိုးပေးပြီး ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ခဲ့သော်လည်း စုစုပေါင်း ဝယ်လိုအား မကောင်းလာခြင်းက စီးပွားရေးတွင် လက်ရှိရင်ဆိုင်နေရသော ပြဿနာဖြစ်ကြောင်း ရှီက ဖေဖော်ဝါရီနှောင်းပိုင်းက ဖြန့်ချိခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဂျာနယ်တွင် ရေးသားခဲ့သည်။ 

သို့သော် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးသည့် အခြေခံအချက်ဟု ရည်ညွှန်းသည့် စားသုံးသူအမူအကျင့်ကို ရှီက ပိုမိုစိတ်ဝင်စားပုံရသည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်၊ မြို့ပြဧရိယာများတွင် ခေတ်မီအခြေခံအဆောက်အအုံများတည်ဆော က်ရန်၊ အခြေခံအဆောက်အအုံစီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများကို အခက်အခဲဖြစ်စေသည့် အတားအဆီးများကို ဖယ်ရှားရန်နှင့် အစိုးရက အစပျိုးလုပ်ဆောင်မှုများကို အကောင်အထည်ဖော်ရန် လိုအပ် နေသေးကြောင်း ရှီက ပြောကြားခဲ့သည်။

သို့သော် ရှီက ပြည်နယ်အစိုးရကြွေးမြီများကို တင်းတင်းကျပ်ကျပ် ကြီးကြပ်ရန်လည်း တိုက်တွန်းခဲ့ပြီး ပေါင်း စည်းမှုနှင့် ယင်းကဲ့သို့ ကြီးကြပ်မှုသည် ယင်းဒေသတွင်း ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ဖယ်ရှားနိုင်ကြောင်း ပြောကြားခဲ့သည်။

ရှီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကိုးကားချက်များကို အခြေခံ၍ ပြည်သူများအနေဖြင့် တရုတ်ပြည်တွင်းစီးပွားရေးအင်အားကို ကျင့်သုံးရန်နှင့် ခိုင်မာစွာရပ်တည်ရန်လိုအပ်ကြောင်း ကွန်မြူနစ်ပါတီဂျာနယ်တွင် ရေးသားခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ထိတ်လန့်သွားစေသည့်အပြင် တစ်ဦး ချင်းဝယ်လိုအားကို ကျဆင်းစေခဲ့ကြောင်း ထိုင်ဝမ်ယုလင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ဘဏ္ဍာရေးပါမောက္ခ ချန်ပင်ချန်က ပြောကြားခဲ့သည်။

ပြည်တွင်းစီးပွားရေးကို လုံးဝမှီခိုစေပြီး နှစ်ပေါင်း ၄၀ ကြာ ပို့ကုန်အသားပေးသည့်အဖွဲ့အစည်းများကို အားမ ပေးခြင်းက အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly