စစ်ကိုင်းတိုင်းမှာ ၂၀၂၃ အတွင်း မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ NUG မီးသတ်ဌာန သတိပေး (အင်တာဗျူး)

စစ်ကိုင်းတိုင်းမှာ ၂၀၂၃ အတွင်း မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ NUG မီးသတ်ဌာန သတိပေး (အင်တာဗျူး)

မြို့နယ်အများစုကို စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနေအိမ် မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

''စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာကလည်း အောက်ခြေကကောင်တွေကို မင်းတို့လုပ်ချင်တာလုပ်ဆိုတဲ့ ပုံစံချမှတ်ပေးတာပဲ။ သူတို့လည်း ခွင့်ပြုမိန့်ရပြီဆိုတော့ သူတို့လုပ်ချင်တာလုပ်နေတယ်။ ဒီထက်ပိုပြီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ NUG ကဖွဲ့စည်းပြီးဖြစ်တဲ့ မီးဘေးလုံခြုံရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေဘက်ကလည်း လိုက်နာပေးပါ” လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို NUG မီးသတ်ဦးစီးဌာနက စာရင်းကောက်ယူကာ Fire Service Department . MOHAI - NUG ဆိုတဲ့ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်တာတွေ လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မဇ္ဈိမ သတင်းထောက် မစန်းကျိန်က မေးမြန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly