ဝယ်ယူဖို့ ကမ်းလှမ်းမှုဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ တော့တင်ဟမ်အသင်းပိုင်ရှင်တွေက ကလပ်အသင်းကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိ

ဝယ်ယူဖို့ ကမ်းလှမ်းမှုဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ တော့တင်ဟမ်အသင်းပိုင်ရှင်တွေက ကလပ်အသင်းကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိ

တော့တင်ဟမ် အသင်းပိုင်ရှင်တွေဟာ ကလပ်ကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိဘဲ သူတို့ရဲ့ ရေရှည်စီမံကိန်းတွေကို ကတိပြုထားပါတယ်။

ဘီလီယံနာသူဌေး နာဂျာဖီဟာ မြောက်လန်ဒန်ကလပ်ကို ပေါင် ၃.၁ ဘီလီယံဖြင့် လွှဲပြောင်းရယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အီရန်-အမေရိကန်လူမျိုး နာဂျာဖီက အခုအချိန်အထိ ချဉ်းကပ်မှု မရှိသေးပါဘူး။

နာဂျာဖီဟာ အားကစားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ MSP Sports Capital ရဲ့ ဥက္ကဌဖြစ်ပါတယ်။ Financial Times က သူဟာ စပါးအသင်းအတွက် ကမ်းလှမ်းဖို့ ရင်းနှီးမြှုပ်နှံသူတွေ လုပ်ငန်းစုနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။

နာဂျာဖီဟာ တော့တင်ဟမ်ပိုင်ရှင် ဂျိုးလူးဝစ်နဲ့ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းတို့ကို ချဉ်းကပ်ဖို့ ရက်သတ္တပတ်များစွာ ဝေးကွာနေတယ်လို့ ၎င်းက ဆိုပါတယ်။

နာဂျာဖီဟာ NBA အသင်း Phoenix Suns မှာ ရှယ်ယာအနည်းစု ပိုင်ဆိုင်သူဖြစ်ပါတယ်။

The Sun ကတော့ တော့တင်ဟမ်ပိုင်ရှင်တွေဟာ နာဂျာဖီရဲ့ ဝယ်ယူမှုအတွက် နောက်ဆုံးပစ်မှတ်ဖြစ်လာပြီးနောက် ပေါင် ၄ ဘီလီယံကျော် တောင်းဆိုမယ်လို့ ဆိုလာပါတယ်။

အင်္ဂါနေ့က အေစီမီလန်မှာ သူတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ၁-၀ နဲ့ ရှုံးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။

သူတို့ဟာ ပေါင် ၁ ဘီလီယံ ကုန်ကျခံ တည်ဆောက်ခဲ့တဲ့ ၆၃,၀၀၀ ဆံ့တဲ့ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ၂၀၁၉ ဧပြီလက သူတို့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲကို လက်ခံကစားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly