တရုတ်တွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်ချိန်တွင် အိန္ဒိယကာကွယ်ဆေးဝယ်လိုအား တစ်ဟုန်ထိုးမြင့်တက်

တရုတ်တွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်ချိန်တွင် အိန္ဒိယကာကွယ်ဆေးဝယ်လိုအား တစ်ဟုန်ထိုးမြင့်တက်

ကမ္ဘာ့နိုင်ငံများသည် ကာကွယ်ဆေးများထိုးပြီးနောက် ကိုဗစ်-၁၉ တစ်ကျော့ပြန်ဖြစ်ပွားမှု ခေတ္တရပ်တန့်သွားသည်ကို မြင်တွေ့ခဲ့သော်လည်း  ယင်းသည် ကြာရှည်မခံခဲ့ပေ။

တရုတ်တွင် ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အတင်းအကျပ်ချမှတ်ခဲ့သော်လည်း SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့သည်။ 

တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်က ၂၀၂၂ ခုနှစ်စ် ဒီဇင်ဘာလ ပထမရက် ၂၀ အတွင်းတွင် နိုင်ငံလူဦးရေ၏ ၁၈ ရာခိုင်နှုန်းနီးပါးဖြစ်သည့်  ၂၄၈ သန်းနီးပါး ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုဗစ်ကူးစက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားချိန်တွင် တရုတ်ပြည်တွင်းထုတ်ကာကွယ်ဆေးများဖြစ်သော CanSino နှင့် BBIBPCorV တို့၏ ထိရောက်မှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများရှိလာခဲ့သည်။  

ကိုဗစ်-၁၉ လူနာများအတွက် ယွမ် ၁ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၅ သန်း) တန်ဖိုးကျော်ရှိ  ဆေးစရိတ်များကို တရုတ်ဆေးအာမခံရန်ပုံငွေများမှ ထုတ်ပေးခဲ့ကြောင်း နိုင်ငံတော်ကောင်စီက ပြောသည်။
အိန္ဒိယထုတ်ကာကွယ်ဆေးများသည် ကိုဗစ်ဒဏ်ခံနေရသော တရုတ်တွင် အသက်ကယ်ဆေးအဖြစ် ပေါ်ထွက် လာခဲ့သည်။ ကိုဗစ်ရောဂါဖြစ်ပွားမှု ရုတ်ခြည်းမြင့်တက်လာချိန်တွင် အိန္ဒိယဆေးများ အထူးသဖြင့် Pfizer ထုတ် သောက်ဆေး Paxlovid နှင့် အလားတူဆေးများသည် တရုတ်တွင် ရောင်းအား အကောင်းဆုံးဖြစ်လာခဲ့သည်။

တစ်ဗူးလျှင် ယွမ်ငွေ ၁ ၀၀၀ ဖြင့် ရောင်းချသော အိန္ဒိယ၏အလားတူဆေးဝါးသည် ပြီးခဲ့သည့် ရက်ပိုင်းက Weibo ၏ ရှာဖွေမှုအများဆုံးစာရင်းတွင် ပါဝင်လာခဲ့သည်။
အိန္ဒိယတွင် ထုတ်လုပ်သည့် Primovir၊ Paxista၊ Molnunat နှင့် Molantris စသည့် အလားတူကိုဗစ်ဆေးဝါး ၄ မျိုးထက်မနည်းသည် တရုတ်တွင် ရှာဖွေမှုအများဆုံး ဆေးဝါးများအဖြစ် စာရင်းဝင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly