တိဗက်လူမျိုးများကို ဖိနှိပ်ရန် တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လက်နက်အဖြစ် အသုံးချနေ

တိဗက်လူမျိုးများကို ဖိနှိပ်ရန် တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လက်နက်အဖြစ် အသုံးချနေ

တရုတ်ကွန်မြူနစ်ပါတီ၏ ပိတ်ဆို့အရေးယူမှုများသည် တိဗက်လူမျိုးများကို ပိုမိုစောင့်ကြည့်ထိန်းချုပ်ရေးအတွက် လက်နက်တစ်ခုဖြစ်လာကြောင်း အီတလီအခြေစိုက် ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Bitter Winter တွင် မာကိုရက်ပင်တီက ရေးသားထားသည်။

သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ဖိနှိပ်ချုပ်ချယ်မှုအတွက် လက်နက်ကောင်းတစ်ခု ဖြစ် သည်။

နိုင်ငံသားများ၏ ကျန်းမာရေးကို အကာအကွယ်ပေးရန် ဟူသော အကြောင်းပြချက်ဖြင့်  အလွန်ကြီးမားကျယ်ပြန့်သည့် အဆင့်မြင့်နည်းပညာဆိုင်ရာ ထိန်းချုပ်မှုနှင့် စောင့်ကြည့်ရေးစနစ်ကို အကောင်အထည်ဖော်ရန် ပိတ်ဆို့အရေးယူမှုများနှင့် အလားတူအစီအမံများက တရုတ်အစိုးရကို များစွာအထောက်အကူဖြစ်ခဲ့သည်။

ကိုဗစ်ကာလအတွင်း ဖိနှိပ်ခံရသူများတွင် ဘာသာရေးအုပ်စုများ၊ တိုင်းရင်းသားလူနည်းစုများနှင့် သဘောထား ကွဲလွဲသူများနှင့် အတိုက်အခံများပါဝင်ကြောင်း ရက်ပင်တီက ဖော်ပြထားသည်။

တိဗက်လူမျိုးများသည် ဒေသတွင်း နိုင်ငံရေးအကဲဆတ်မှုကြောင့် အခြားနေရာများထက် ပိုမိုဆိုးရွားစွာ စောင့်ကြည့်ခံနေရပြီး ပြင်းထန်သော ဂယက်ရိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း စက်တင်ဘာလ ၂၂ ရက်ထုတ် VOA ဆောင်းပါးတွင် ဖော်ပြထားသည်။ 
တိဗက်အခြေအနေမှာ သည်းမခံနိုင်လောက်အောင်ဆိုးရွားပြီး  သြဂုတ် ၈ ရက်တွင် ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ခံရပြီးနောက်ပိုင်း စက်တင်ဘာ၌ ဆိုရှယ်မီဒီယာပေါ်တွင် ပထမဆုံးဆန္ဒဖော်ထုတ်ပြီးနောက် အောက်တိုဘာ ၂၇ ရက်တွင် လမ်းများပေါ်ထွက်ကာဆန္ဒပြခဲ့ကြောင်း Bitter Winter က ဖော်ပြခဲ့သည်။

တိဗက်လူမျိုးများသည် အွန်လိုင်းတွင် ကိုဗစ်နှင့် ပတ်သက်သော ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေမှုဖြင့်ပင် ဖမ်းဆီးခံခဲ့ရသည်။

ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေထိုင်သူ ရင်ချန်ဒွန်ဒပ်နှင့် အခြား တိဗက်လူမျိုး ၆ ဦးသည် အကြောင်းအရာများ ဝေမျှသည့်အကြောင်းပြချက်ဖြင့် စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
လာဆာ၊ နတ်ကျူနှင့် အခြားကောင်တီများတွင်လည်း တခြားတိဗက်များမှာ အလားတူပြစ်မှုဖြင့် အဖမ်းခံခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly