တရုတ်အစိုးရ၏ ကိုဗစ်မူဝါဒက တိဗက်လူမျိုးများအတွက် အခက်အခဲဖြစ်စေ

တရုတ်အစိုးရ၏ ကိုဗစ်မူဝါဒက တိဗက်လူမျိုးများအတွက် အခက်အခဲဖြစ်စေ

ကိုဗစ်-၁၉ ကပ်ရောဂါသည် တိဗက်လူမျိုးများ၏ နေထိုင်မှုဘဝများကို ခက်ခဲစေခဲ့သည်။ တရုတ်အစိုးရ၏ ကိုဗစ် မူဝါဒသည် တိဗက်လူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေပြီး ပြင်းထန်သော တရားမျှတမှုမရှိသည့် အစီအမံများ ဖြစ်ပေါ်စေခဲ့ကြောင်း Tibet Press က ဖော်ပြလိုက်သည်။

တိဗက်တွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်က ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့ပြီး ယင်းနောက်တွင် ရုတ်တရက် အသွားအလာပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ရောဂါဖြစ်ပွားမှုကြောင့် တိဗက်အခြေအနေများကို အကဲဖြတ် လေ့လာမည့် သတင်းထောက်များနှင့် အခြားလေ့လာသူများကို တရုတ်အစိုးရက တိဗက်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

တိဗက်ဆိုင်ရာ သတင်းအချက်အလက်အတွက် တစ်ခုတည်းသော သတင်းရင်းမြစ်မှာ တရုတ်မီဒီယာဖြစ်ပြီး အစိုးရ၏ မူဝါဒများကိုသာ အသားပေးဖော်ပြနေသောကြောင့် ဘက်အလိုက်ဆုံး မီဒီယာချန်နယ်ဖြစ်ကြောင်း Tibet Press က ဖော်ပြခဲ့သည်။
ကိုဗစ်စတင်ဖြစ်ပွားမှုသည် တိဗက်ဒေသမှ စတင်ခဲ့ကြောင်းနှင့် ယင်းသည် အိုမီခရွန်၏ တတိယမျိုးဆက် မျိုးကွဲ ဖြစ်ဟန်ရှိကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

ယင်းမျိုးကွဲမျိုးကို တရုတ်တွင်ပင် မတွေ့ဖူးသေးကြောင်း အာဏာပိုင်များက အငြင်းပွားဖွယ်ပြောဆိုခဲ့သည်။
တရုတ်အစိုးရသည် ဒီဇင်ဘာလအစောပိုင်းတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် တိဗက်တွင် ကိုဗစ်နှင့်ဆက်စပ်သော သေဆုံးမှုများ မြင့်တက်လာခဲ့သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒရီဂမ်ရှိ သင်္ချိုင်းနှင့် လာဆာမြို့ရှိ အခြားသုသာန်များသို့ နေ့စဉ် အလောင်း ၁၅ လောင်းနှင့် ၂၀ အကြား ပို့ဆောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

တရုတ်အစိုးရသည် လာဆာမြို့ရှိ သုသာန်တစ်ဝိုက်တွင် ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်ထားပြီး သင်္ချိုင်းမြင်ကွင်းများကို မှတ်တမ်းတင်ခြင်းနှင့် မျှဝေခြင်းများကို ခွင့်မပြုကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly