နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဖေဖော်ဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဖေဖော်ဝါရီ ၂၀၂၃ ) 

ဖေဖော်ဝါရီလ ၅ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ် နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း၌ ဘိန်းစာမှုန့်အထုပ် ၃၅၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ တနင်္သာရီမြို့နယ်က ယမန်နေ့တွင် ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ယူကေရောက်တော်လှန်ရေးညီအကိုမောင်နှမများတွေ့ဆုံပွဲကို လန်ဒန်မြို့ရှိ Westminster University ၌ ကျင်းပခဲ့သည်။ 

  • ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၅)ရက် တနင်္ဂနွေနေ့ ကိုရီးယားဒေသ စံတော်ချိန် နံနက် (၁၁)အချိန်က ပါမောက္ခ ဒေါ်မီမီဝင်းဘတ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် လာရောက်တွေ့ဆုံခဲ့ ကြောင်း သိရသည်။ 

  •  ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှုဝန်ကြီးဌာနက မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၁ ရက် ည ၁ဝ နာရီတွင် စတင်ရောင်းချခဲ့ရာမှာ ၁၈ နာရီ အတွင်း တိုက်ခန်းအားလုံး ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ 

  • မြန်မာအေဂျင်စီ JMK ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံအေဂျင်စီ Project Managing Engineering Corp.,Ltd တို့မှစေလွှတ်လိုက်သည့် MOU အလုပ်သမား ၁၀ဦးအတွက် လုပ်အားခများနှင့် အလုပ်ပြောင်းရွှေ့ခွင့်စာ (ကျန်အော့)ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အိမ်ခြေ ၈၀ ခန့်က မီးဘေးသင့်ပြည်သူများ အတွက် ဖေဖော်ဝါရီလ ၄ ရက်‌နေ့က အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခြေခံစားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ငါးကြိမ်မြောက် သွားရောက်လှူဒါန်းပေးခဲ့ ကြောင်း ဦးဆောင်သူများအဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ ၄ ရွာကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဆီနှင့် ငွေကြေး ထောက်ပံ့လှူတန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း GZ Special Task Force - Wet Let အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပုလဲမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း သည် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force (SBLDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​​ ပြောသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သစ်ပုတ်ပင်ရွာ ကျေးရွ အနီးလမ်းဆုံတွင် အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းတွင် စစ်အုပ်ချုပ်ရေး ကြေ ညာ ပြီးနောက် မုံရွာမြို့ပေါ်ရှိ အနောက် မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက် ပိုင်းတွင် ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ကြောင်း တော်လှန် ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။ 

  • ဒါရိုက်တာကိုပေါက်၏ "ရောင်နီလာရာလမ်း"Documentary ရုပ်ရှင်ကိုဂျပန်၊ဆွိဒင်နှင့်နယ်သာလန်နိုင်ငံတို့ တွင် ယမန်နေ့က တပြိုင်နက်ပြသခဲ့ရာပရိတ်သတ်အများအပြားလာရောက်ကြည့်ရှုအားပေးခဲ့ပြီး ရံပုံ‌ငွေ ကျပ်သိန်းနှစ်ထောင်နီးပါးရရှိခဲ့သည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ ချန်းဝမ်မြို့ ယဥ်ကျေးမှုရုံကြီး၌ ဒါရိုက်တာ စိန်သီးနှင့် အောင်သော်တို့ ရိုက်ကူးထားသည့် "လွတ်လပ်ခါမှ အမျှဝေမယ်" တော်လှန်ရေး ဇာတ်ကား ပြသနေပြီး ကြည့်ရှု့သူများပြားကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီသတင်းပေးဆိုသူ ကိုဝင်းထွန်း အား မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO)နှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်းကာ ပစ်ခတ်ခဲ့ ကြောင်း MSRO မှ သိရသည်။ 

  • မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ ကနင်ကမော့နှင့် အောင်သာယာ ကျေးရွာကြားတွင် စစ်ကောင်စီ တပ်သား ငါးဦးလိုက်ပါလာသည့်ကားအား ရေးပြောက်ကျားတပ်ဖွဲ့-YGF နှင့် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးဆိုသူတစ်ဦးအား ဖမ်းမိထားကြောင်း YGF ထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ လဝကရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သံဖြူဇရပ်ပြောက်ကျားတပ်ဖွဲ့ (TGF)ထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူဦးရေစာရင်းကောက်သည့်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဟုဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဖေဖော်ဝါရီလ ၄ ရက်နေ့က နေအိမ်အတွင်း ပစ်သတ်ခံလိုက် ရကြောင်း သတင်းရရှိသည်။ 

  • နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ စစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးတင်ခိုင်၏ နေအိမ် ကို ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) ည၇ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်တောင်း မြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်) ကထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုရှိ ရပ်ကွက် ၅ ခုကို စစ်တပ်က တပ် ပိုင်မြေ ဟုဆိုကာ အတင်းအကျပ် ဖျက်သိမ်းလိုက်ပြီးနောက် အိုးအိမ်မဲ့သွားကြသည့် ပြည်သူများက ၎င်းတို့ မြေအိမ်နေရာ များတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေး မတ်တပ်ရပ်၍ တောင်းဆိုနေကြကြောင်း သိရှိရသည်။ 

  • တောင်ကိုရီးယား ဆူဝမ်မြို့တွင် Suwon Migrants Center နှင့် Myanmar Community တို့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန္ဒပြပွဲ ပြုလုပ်နေပြီး ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် "ပုကျွန်မခံဘူး" စာသားနှင့်အတူ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြခြင်းနှင့် စစ်တပ်၏ ရက်စက်စွာ အကြမ်း ဖက်သတ်ဖြတ်မှုများကို ကိုရီးယားပြည်သူများထံ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြသည်။ 

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ် များက အကြောင်းမဲ့ မီးတင်ရှို့သွားကြောင်း ဒေသပြည်သူများက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်နယ်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

  • KNU တပ်မဟာ (၅) အုပ်ချုပ်နယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း(၂၀၉)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဖက်မှ တပ်ခွဲမှူးတစ်ဦးအပါအဝင်(၄၇)ဉီးသေဆုံးကာ (၅၅)ဉီးဒဏ်ရာရရှိသွားကြောင်း KNU- မူတြော်ခရိုင်မှ သတင်းထုတ်ပြန်သည်။ 

  • နိုင်ငံ၏ အကျပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန် နည်းလမ်းရှာကြံခြင်းမပြုပဲ ရွေးကောက်ပွဲ သစ်တခုကို ကျင်းပရန် အားထုတ်လုပ်ဆောင်လျှင် သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်ကြောင်း မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာသို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၁၀ နာရီ ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဝမ်းနည်းခြင်း သခင်မ ဘုရားရှိခိုးကျောင်းနှင့် နေအိမ် ၁၀ လုံးကျော်ထိခိုက်ပျက်စီးသွားပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ 

  • မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု နှစ်နှစ်‌ မြောက်သည့်အပေါ် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံ များ၏ထုတ်ပြန်ချက်များအား ကန့်ကွက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် ထုတ်ပြန် ကြေညာသည်။ 

  • နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည် ရောက်ရှိရေး တိုက်တွန်းနေသော်လည်း တစ်ဖက်မှာ ရွေးကောက်ပွဲ ကျင်းပရေးအပေါ် ပြစ်တင်ဝေဖန်လျက်ရှိ သည်မှာ ရှေ့နောက်မညီဘူးလို့ စစ်ကောင်စီက ထုတ်ပြန်သည်။ 

  • ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်းတွင် ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန်တွင် တက်ရောက် ဖွင့်လှစ်မည်ဖြစ် ကြောင်း စစ်တပ်သတင်းရင်းမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • QR Code နှင့် ပေးချေမှုများကို အလွယ်တကူအသုံးပြုနိုင်ရန်နှင့် ရောင်းသူဝယ်သူအကြား ငွေပေးချေခြင်းဆောင်ရွက်သည့်အခါ ကြားခံအနေဖြင့် ကောက်ခံပေးသည့် တတိယအဖွဲ့အစည်းအဖြစ် ဝန်ဆောင်မှုဆောင်ရွက်ပေးရန် လုပ်ငန်း သုံးခုကို လိုင်စင်ထုတ်ပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ 

  • ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲ ကြုံတွေ့ခဲ့ ရ သော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉) ဦးတို့အနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ မှ နေရပ် ပြန် မြန်မာနိုင်ငံသား (၁၇၀) ဦးတို့အား စစ်တပ်မှသင်္ဘောဖြင့် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးနေ ကြောင်း ထုတ်ပြန်သည်။ 

ဖေဖော်ဝါရီ ၅ ရက် သုံးသပ်ချက် 

  • ယနေ့ရရှိသည့် အချက်အလက်များအရ စစ်ကိုင်း၊မကွေး။မွန်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ များ၏ ခုခံကာကွယ်စစ် စစ်ရေးလှုပ်ရှားမှုများ များလာသည်ကိုတွေ့ရသည်။စစ်ကိုင်းဘက်တွင် အပြင်း ထန်ဆုံး ဖြစ်ပြီး စစ်ကောင်စီက်မှလည်း ဒေသခံပြည်သူများကိုတွေ့သည်နှင့် သတ်ဖြတ်နေသလို ရွာများ ကို လည်း မီးရှို့ကာ စစ်ရေးမဟုတ်သည့် ပစ်မှတ်များ တိုက်ခိုက်နေသည်။ 

  • ဒါရိုက်တာကိုပေါက်ရိုက်သည့် ရောင်နီလာရာလမ်း"Documentary နှင့် ကိုအောင်သော် ကိုစိန်သီးတို့ ရိုက်ကူးသည့် လွတ်လပ်ခါမှ အမျှဝေမယ်" တော်လှန်ရေးဇာတ်ကားကို လာရောက်ကြည့်ရှုသူများပြားခဲ့ သလို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော အသံတိတ်သပိတ်တွင် လူထုပါဝင်မှုကိုကြည့်ခြင်းဖြင့်  အာဏာရှင် ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကို ပြည်သူများမှ တခဲနက်ထောက်ခံနေသည် ကိုတွေ့ရ သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly