(၇၆)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အခမ်းအနား KNU ဌာနချုပ်တွင် ကျင်းပ

By ရွှေနွယ် (မဇ္ဈိမ)
05 February 2023
(၇၆)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အခမ်းအနား KNU ဌာနချုပ်တွင် ကျင်းပ

ဖေဖော်ဝါရီလ ၅ ရက်

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော (၇၆)ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံးနေ့ (Karen National Union Day ) အခမ်းအနားကို KNU ဌာနချုပ်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံးနေ့ (Karen National Union Day )သို့ပေးပို့သော ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာကို ဆရာမနော်မူဂေဖေါကဖတ်ကြားကာ မျိုးဆက်သစ်(NGLP) ကျောင်းသားကျောင်းသူများ က ဂုဏ်ပြုတေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ပဒိုစောကွယ်ထူးဝင်း (ဒု-ဥက္ကဋ္ဌ)၊ ပဒိုစောသမိန်ထွန်း (ဗဟိုအလုပ်အမှုဆောင် )နှင့် ဗိုလ်မှူးချုပ် စောမူလာ ( KNLA စစ်ဌာနချုပ်)တို့က အသီးသီးမိန့်ခွန်းပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်စစ်ဌာနချုပ်မှ ခေါင်းဆောင်များနှင့် စစ်သည်တော်များ၊ ကရင်လူငယ်အစည်းအရုံး (KYO)မှ လူငယ်ခေါင်းဆောင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း (NGLP)မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly