ထွန်းသစ်စနိုင်ငံများအတွက် တရုတ်ဖွံ့ဖြိုးရေးချေးငွေများ ၁၃ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ  

ထွန်းသစ်စနိုင်ငံများအတွက် တရုတ်ဖွံ့ဖြိုးရေးချေးငွေများ ၁၃ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ  

အကြီးစားရေနံစီမံကိန်းများအတွက် ရန်ပုံငွေလျှော့ချလိုက်ခြင်းကြောင့် တရုတ်အထင်ကရကုန်သွယ်ရေးမူဝါဒ ဘဏ် ၂ ခု၏ ချေးငွေများသည် ၂၀၂၁ ခုနှစ်တွင် ၁၃ နှစ်အတွင်း အနည်းဆုံးဖြစ်သည့် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း ဘော်စတွန်တက္ကသိုလ်ကမ္ဘာ့ဖွံ့ဖြိုးရေးမူဝါဒစင်တာ၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ 

ငွေချေးသူများက ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီတွင် ၂၀၂၀ ပြည့်နှစ်မှာပင် အကြွေးပြန်ဆပ်သည့် ပမာဏကို လျှော့ချလိုက်ခြင်းကြောင့် တရုတ်ပို့ကုန်-သွင်းကုန်ဘဏ် (China EximBank) နှင့် တရုတ်ဖွံ့ဖြိုးရေးဘဏ် (CDB) တို့၏ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀ဝ အတွက် ချေးငွေများသည် ၂၀၁၆ ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်ထက် တစ်နှစ် လျော့ကျသွားခဲ့သည်။ 

"တရုတ်က အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ပမာဏနည်းနည်းချေးတာမျိုးပဲ ပြုလုပ်တော့မယ်လို့ မျှော်လင့်ရတယ်" ဟု ဘော်စတွန်တက္ကသိုလ်ကမ္ဘာ့ဖွံ့ဖြိုးရေးမူဝါဒစင်တာဒါရိုက်တာ ကီဗင်ဂယ်လာဂါက Reuters သို့ ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ တရုတ်သည် ကမ္ဘာတွင် ချေးငွေအများဆုံးပေးသူဖြစ်သည်။ အနောက် နိုင်ငံများမှ အမေရိကန်နှင့် နိုင်ငံစုံမှ ငွေချေးအဖွဲ့အစည်းများက ဇမ်ဘီယာနှင့် သီရိလင်္ကာကဲ့သို့ ဒုက္ခရောက်နေ သော ထွန်းသစ်စ စီးပွားရေးနိုင်ငံများအတွက် ကြွေးမြီသက်သာခွင့်ပေးရန် တရုတ်ကို ဖိအားပေးလျက်ရှိသည်။ 

တရုတ်သည် ချေးငွေအခြေအနေများနှင့် ငွေချေးသူများနှင့် သဘောတူညီချက်များကို အနည်းငယ်သာ ထုတ်ဖော် ပြောဆိုလေ့ရှိသည်။ 

တရုတ် EximBank နှင့် CBD တို့သည် တရုတ်အစိုးရ၏ ခါးပတ်လမ်းရပ်ဝန်းအခြေခံအဆောက်အအုံစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀ဝ၈-၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချေးငွေကတိကဝတ် ဒေါ်လာ ၄၉၈ ဘီလီယံရှိခဲ့သည်။ 

ချေးငွေကတိကဝတ်များ၏ ပျမ်းမျှပမာဏသည် ၂၀၁၃-၂၀၁၇ ခုနှစ်အကြားတွင် ကန်ဒေါ်လာ ၅၃၄ သန်းမှ ၂၀၁၈-၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၇၈ သန်းအထိ ကျဆင်းသွားခဲ့သည်။ 

ဥပမာအားဖြင့် အင်ဂိုလာ၊ ဘရာဇီး၊ အီကွေဒေါ၊ ရုရှားနှင့် ဗင်နီဇွဲလားရှိ နိုင်ငံပိုင်ရေနံကုမ္ပဏီများအား ယေဘုယျ ရည်ရွယ်ချက်ဖြင့် ချေးငွေထုတ်ချေးခြင်းသည် ၂၀ဝ၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ ၆၀ ဘီလီယံအထိ ရှိခဲ့သည်။ 

ထိုအချိန်ကတည်း ချေးငွေထိပ်တန်းလက်ခံရရှိများတွင် ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့ ပါဝင်ခဲ့ပြီး ရေနံထုတ် လုပ်သူများအပေါ် ချေးငှားမှုနည်းပါးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly