တရုတ်အစိုးရက ထုတ်ပြန်ခဲ့သော ကိုဗစ်အချက်အလက်များကို ကမ္ဘာက အယုံအကြည်မရှိ  

တရုတ်အစိုးရက ထုတ်ပြန်ခဲ့သော ကိုဗစ်အချက်အလက်များကို ကမ္ဘာက အယုံအကြည်မရှိ  

တရုတ်အစိုးရ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကိုဗစ်အချက်အလက်များနှင့် ပတ်သက်၍ သံသယများရှိခဲ့ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်သည်  ပြည်တွင်း အခြေအနေမှန်ကို ဖုံးကွယ်ထားခြင်းဖြင့် ကူးစက်ရောဂါ၏ ပြင်းထန်လေးနက်မှုကို မှေးမှိန်အောင်လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်ဟု Hong Kong Post က ဖော်ပြသည်။"တရုတ်ရဲ့ ကိုဗစ်အချက်အလက်တွေက အခြေအနေမှန်ကို အတိအကျမဖော်ပြနိုင်ဘဲ ရောဂါကြောင့် ဆေးရုံတက် ရသူနဲ့ သေဆုံးသူအရေအတွက်ကို ဖော်ပြမှု နည်းပါတယ်" ဟု WHO အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ The Hong Kong Post က ဖော်ပြခဲ့သည်။  

"တရုတ်က ထုတ်ပြန်လိုက်တဲ့ လက်ရှိကိန်းဂဏန်းတွေက ဆေးရုံတက်ရသူ၊ အရေးပေါ်အခန်းမှာ ကုသရသူ၊ အထူးသဖြင့် သေဆုံးမှု စတဲ့ ရောဂါရဲ့ အမှန်တကယ်သက်ရောက်မှုကို လျှော့ပေါ့ဖော်ပြထားပါတယ်" ဟု WHO ၏ အရေးပေါ်ဌာနဒါရိုက်တာ မိုက်ရိုင်ယန်က ပြောကြားခဲ့သည်။ 

သေဆုံးမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာလည်း အလွန်အမင်း ကန့်သတ်ထားကြောင်း WHO က ဆိုသည်။ 

တရုတ်အာဏာပိုင်များက ကိုဗစ်ကြောင့်သေဆုံးမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောင်းလဲခဲ့ပြီးနောက် အစိုးရက ထုတ်ပြန်သော သေဆုံးသူအရေအတွက်နှင့် မြေပြင်အစီရင်ခံချက်များအကြား ကွဲလွဲမှုများ ရှိနေသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်ကို အခြေခံ၍ အာဏာပိုင်များက သေဆုံးသူမှာ တစ်ရက်လျှင် ၅ ဦး သို့မဟုတ် ယင်းထက်နည်းကြောင်း ပြောသည်။ 

သို့သော် တရုတ်နိုင်ငံဆေးရုံများတွင် လူနာများပြည့်နှက်နေသလို  ဈာပနအခမ်းအနားများမှာလည်း စဲသွားသည်ဟူ၍ မရှိပေ။ 

ထို့ကြောင့် ယင်းဖြစ်စဉ်များအပေါ် ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်သူများက သံသယရှိနေသည်။ 

အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်နှင့် အခြားဥရောပနိုင်ငံများ ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့က တရုတ်ခရီးသွားများအပေါ် ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များ ချမှတ် ထားသည်။ 

အစ္စရေး၊ မလေးရှား၊ မော်ရိုကို၊ ကာတာနှင့် ထိုင်ဝမ်တို့ကလည်း တရုတ်ခရီးသွားများကို ကန့်သတ်မှုများ ချမှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly