စီးပွားရေးကြပ်တည်းပေမယ့် ရောင်းကောင်းနေဆဲ အမွေးပွအရုပ်များ

စီးပွားရေးကြပ်တည်းပေမယ့် ရောင်းကောင်းနေဆဲ အမွေးပွအရုပ်များ

ကမ္ဘာ့စီးပွားရေးကြပ်တည်းနေပေမယ့် ကစားစရာကဏ္ဍက နူးညံ့တဲ့ အမွေးပွရုပ်လေးတွေကတော့ ရောင်းကောင်းနေပါတယ်။ ၂၀၂၂ မှာ ဗြိတိန်နိုင်ငံက ကစားစရာကဏ္ဍ ရောင်းအား ၃ ရာခိုင်နှုန်း ကျသွားပေမယ့် အမွေးပွရုပ်ရောင်းအားကတော့ ၃၀ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ တချို့အမွေးပွရုပ်ကုမ္ပဏီတွေဆိုရင် ရောင်းအား ၅ ဆလောက်တောင်တက်သွားတာ တွေ့ရတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required