သူလျှိုလုပ်သည်ဟုစွပ်စွဲခံရသူ   ဆယ်ကျော်သက်လူငယ်တစ်ဦးအား ပါကစ္စတန်စစ်သွေးကြွများက ခေါင်းဖြတ်သတ် 

By Dawn
30 January 2023
သူလျှိုလုပ်သည်ဟုစွပ်စွဲခံရသူ   ဆယ်ကျော်သက်လူငယ်တစ်ဦးအား ပါကစ္စတန်စစ်သွေးကြွများက ခေါင်းဖြတ်သတ် 

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ဝါပြည်နယ် လက်ကီမာဝတ်မြို့တော်ရှိ ဝေးလံခေါင်သီသောတစ်နေရာတွင် ဆယ်ကျော်သက်တစ်ဦး ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

ခေါင်းဖြတ်အသတ်ခံရသည့် ဆယ်ကျော်သက်အရွယ် အလောင်းတစ်လောင်းကို ဘာဂိုင်းရွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူသည် အသက်၁၉ နှစ်အရွယ် ရာဟီးဒူလာဖြစ်ပြီး သေဆုံးသူသည် သူလျှိုလုပ်သည်ဟု စွပ်စွဲခံရကာ   စစ်သွေးကြွဟု ယူဆရသည့် အမည်မသိ လက်နက်ကိုင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ၏ ဦးလေးဖြစ်သူ မူရက်ခန်းက တူဖြစ်သူသည် ဇန်နဝါရီ ၁၅ ရက်က လယ်ကွင်းသို့သွားခဲ့ရာမှ အိမ်မပြန်လာခဲ့ကြောင်း ရဲကိုပြောကြားသည်။
လက်နက်ကိုင်လူများသည် ရာဟီးဒူလာကို ဆိုင်ကယ်ဖြင့် ခေါ်သွားခဲ့ကြောင်း ဦးလေးဖြစ်သူက ဆိုသည်။ 

စစ်သွေးကြွအဖွဲ့ အီတယ်ဟာဒူလ် မူဂျာဟစ်ဒင်-အီ-ခူရာဆန်က ရာဟီးဒူလာသ    ည် စစ်တပ်နှင့် အကြမ်းဖက်မှုတန်ပြန်ရေးဌာနအတွက် သူလျှိုလုပ်သည်ဟု ပက်ရှ်တိုဘာသာစကား ဖြင့်ရေးထားသော စာတိုနှင့် ဓားမြှောင်တစ်ချောင်းကို သေသူအနီးတွင် ထားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly