အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိနေဖို့ မိသားစုက သူ့ကို ယုံကြည်ပေးခဲ့တယ်လို့ ဆောက်ဂိတ် ဖွင့်ဟ

အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိနေဖို့ မိသားစုက သူ့ကို ယုံကြည်ပေးခဲ့တယ်လို့ ဆောက်ဂိတ် ဖွင့်ဟ
Photo: AFP

ဂါရတ်ဆောက်ဂိတ်က သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို အချေအတင်ဖြစ်ခဲ့ချိန်က အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိနေဖို့ သူ့မိသားစုက သူ့ကို ယုံကြည်ပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ကာတာကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်ရဲ့ ဆိုးရွားတဲ့ နေးရှင်းလိဂ်စွမ်းဆောင်ရည်တွေအပေါ်  ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကြောင့် စိတ်မငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။

အသက် ၅၂ နှစ်အရွယ် နည်းပြဟာ ဒီဇင်ဘာလက ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာအင်္ဂလန်က ပြင်သစ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ရာထူးကနေ ထွက်ခွာဖို့ စဉ်းစားနေဆဲဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းရှိမယ်လို့ မကြေညာခင်က သူဟာ သူ့ရဲ့ရွေးချယ်ခွင့်တွေကို တစ်ပတ်ကြာအောင် စဉ်းစားခဲ့ပါတယ်။

"ကိုင်တွယ်တာဝန်ယူရတာနဲ့ ပတ်သက်ပြီး ကျနော့်အပေါ် အဆိုးမြင်စိတ်တွေ ရှိခဲ့ကြပြီး  နောက်ဆုံး ကျနော် လိုချင်တာက ကမ္ဘာ့ဖလားပြိုင်ပွဲထဲမှာ အသင်းနောက်ကွယ်က ပရိသတ်နဲ့ လူတိုင်းကို လိုအပ်နေတဲ့အချိန်မှာ ပြင်းထန်လွန်းတဲ့ ခံစားချက်မျိုးအတွက် ဖြစ်စေချင်ပါတယ်"လို့ သူက ကြာသပတေးနေ့က  ITV News ကို ပြောခဲ့ပါတယ်။

"ခင်ဗျား ဒီစွမ်းအားကို လိုအပ်တယ်၊ စည်းလုံးညီညွတ်မှု လိုအပ်တယ်။ ပြီးတော့ ကျနော်တို့လုပ်နေတဲ့ အမှားအယွင်းတွေအကြောင်းကို ရှာဖွေဖို့သာ အချေအတင်ဖြစ်မယ်ဆိုခဲ့ရင်တော့ ကျနော် အဆုံးထိ သွားနိုင်ဖို့ အဲဒီနောက် အသင်းတွက် သူတို့ရဲ့အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်။"

ဆောက်ဂိတ် သူ့မိသားစုရဲ့ အားပေးထောက်ပံ့မှုဟာ ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အင်္ဂလန်ရားထူးကို သက်တမ်းတိုးဖို့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် အဓိကသော့ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က ဒိုဟာကို စွန့်ခွာထားရစ်ပြီး သူတို့က မင်း ဒီဆုဖလားကို ရအောင်ယူဖို့နဲ့ နောက်တစ်ကြိမ် ထပ်ကြိုးစားရမယ်လို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

ဆောက်ဂိတ်က အင်္ဂလန်ကို ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်နဲ့ ၂၀၂၁ မှာ ဥရောပချန်ပီယံရှစ် ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပေမယ့် သူ့ရဲ့ကစားသမားတွေက ပြင်သစ်ကို အကျင်းအကြပ်ထဲအထိ တွန်းပို့ပြီးနောက် နောက်ဆုံးမှာ အဓိကဆုဖလားကို ကိုင်မြှောက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

ဆောက်ဂိတ်ရဲ့ အာရုံစိုက်မှုဟာ အခုအခါ ယူရို ၂၀၂၄ အုပ်စု C မှာ အင်္ဂလန်ဟာ အီတလီ၊ ယူကရိန်း၊ မြောက်မက်ဆီဒိုးနီးယားနှင့် မော်လ်တာတို့နဲ့ တစ်အုပ်စုထဲကျနေမှုနဲ့အတူ  ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်ဖို့ အဓိက ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly