မတူပီ-ဘွေရာလမ်းပေါ်ရှိ စကစကင်းစခန်းတိုက်ခိုက်ခံရ ဒဏ်ရာရသူများပြား

မတူပီ-ဘွေရာလမ်းပေါ်ရှိ စကစကင်းစခန်းတိုက်ခိုက်ခံရ ဒဏ်ရာရသူများပြား

မတူပီ-ဘွေရာလမ်းပေါ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို CDF-Matupi က ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် အလျင်အမြန်တိုက်ခိုက်မှုတစ်ခုလုပ်ရာ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာအများအပြားရသွားကြောင်း CDF-Matupi က ကြေညာသည်။

နံနက် ၄ နာရီခွဲအချိန်တိုက်ခိုက်မှုတွင် CDF - Matupi ဖက်မှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းပါရျိသည်။

မတူပီမြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန်ကြိုးပမ်းမူများကို ဟန့်တားနိုင်ရေးတိုက်ခိုက်မှုများလုပ်သည်ဟုသိရပြီး ဇန်နဝါရီလအတွင်း မတူပီ - ပလက်ဝလမ်း၊ မတူပီ - မင်းတပ်လမ်း၊ မတူပီ - ဘွေရာလမ်း၊ မတူပီ-ဟားခါးလမ်းများ တွင်ရှိသော စကစဂိတ်များကို ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ CDF - Matupi ရဲဘော် တစ်ဦးကျဆုံးပြီး ပြည်သူ နှစ်ဦးအသက်ဆုံးရှုံးခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required