ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ပုသိမ်- မုံရွာလမ်းမပေါ်သို ချီတက်ဆန္ဒပြ

By ပါခွီး
26 January 2023
ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ပုသိမ်- မုံရွာလမ်းမပေါ်သို ချီတက်ဆန္ဒပြ

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို မုံရွာ - ပုသိမ်လမ်းကြီးပေါ်တွင် ဇန်နဝါရီ (၂၆) ယနေ့တွင် ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်ကောင်စီက ကျင်းပရန်စီစဉ်နေနေသည့် ရွေးကောက်ပွဲကို “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတမ်းကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင် ရေး ၊ ရွေးကောက်ပွဲ ဆန့်ကျင့်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။

ကျေးရွာပေါင်းစုံ လူထုသပိတ်သည် နေ့စဉ်ရက်ဆက် ဆန္ဒပြလျက်ရှိပြီး ယနေ့သည် ရက်ပေါင်း (၆၈၆) မြောက်ရက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

(ပုံသတင်း)

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required