ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများကို ကမ္ဘာ့အကြမ်းဖက်သမားများအဖြစ် မသတ်မှတ်ရန် တရုတ်က ကုလသမဂ္ဂတွင် အကြိမ်ကြိမ် တားမြစ် 

By  ANI
26 January 2023
ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများကို ကမ္ဘာ့အကြမ်းဖက်သမားများအဖြစ် မသတ်မှတ်ရန် တရုတ်က ကုလသမဂ္ဂတွင် အကြိမ်ကြိမ် တားမြစ် 

ပါကစ္စတန်အခြေစိုက် လက်ရှ်ခါ-အီ-တိုင်ဘာ (LeT) အဖွဲ့၏ ဒုတိယအကြီးအကဲ အဗ္ဗဒူလ်ရာမန်မက်ကီအား ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့ရေးကော်မတီများ၏ ဆုံးဖြတ်ချက် ၁၂၆၇ အရ ကမ္ဘာ့အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခြင်းအား တရုတ်က ဆိုင်းငံ့ထားခြင်းကို ရုပ်သိမ်းရတော့မည်ဖြစ်သောကြောင့် နောက်ဆုံးတွင် အိန္ဒိယ၏ ကာလကြာရှည်ကြိုးပမ်းမှုမှာ အကျိုးဖြစ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် တရုတ်က ပါကစ္စတန်အခြေစိုက် အကြမ်းဖက် သမား အဗ္ဗဒူလ်လာရာမန်မက်ကီအား ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့ရေးကော်မတီများ၏ ဆုံးဖြတ်ချက် ၁၂၆၇ အရ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကမ္ဘ့အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခြင်းကို တရုတ်က ဆိုင်းငံ့ထားခဲ့သည်။
UNSC ၏ ကမ္ဘာ့အကြမ်းဖက်သမားများစာရင်းတွင် အက်ဒူလာရာမန်မက်ကီအား ထည့်သွင်းရန် အမေရိကန်နှင့် အိန္ဒိယတို့၏ ပူးတွဲအဆိုပြုချက်ကို တရုတ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပိတ်ပင်ခဲ့သည်။

အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့နှင့် ဆက်နွှယ်နေသည့် အကြမ်းဖက်သမား ၁၂၆၇ ဦးစာရင်းတွင် မက်ကီအား UNSC ဆုံးဖြတ်ချက် ၁၂၆၇ အရ ထည့်သွင်းရန် ပူးပေါင်းတောင်းဆိုမှုကို တရုတ်က နောက်ဆုံးမိနစ်တွင် ဆိုင်းငံ့ခဲ့သည်။ အိန္ဒိယက တရုတ်၏ ယင်းလုပ်ရပ်ကို ကျိုးကြောင်းမသင့်ဟု ဝေဖန်ခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း အိန္ဒိယက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အဖွဲ့ဝင် ၁၅ ဦးအနက် ၁၄ ဦး၏ အကူ အညီဖြင့် လာဟိုးမြို့အခြေစိုက် လက်ရှ်ခါ-အီ-တိုင်ဘာအဖွဲ့၏ ဒုတိယအကြီးအကဲ အဗ္ဗဒူလ်ရာမန်အား ကုလ သမဂ္ဂဒဏ်ခတ်ပိတ်ဆို့ရေးကော်မတီများ၏ ဆုံးဖြတ်ချက် ၁၂၆၇ အရ ကမ္ဘာ့အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခြင်းအား ဆိုင်းငံ့ထားမှုကို ရုပ်သိမ်းရန် တရုတ်ကို ဖိအားပေးခဲ့သည်။ 

တရုတ်က လူသိများသော အကြမ်းဖက်သမားများကို စာရင်းသွင်းခြင်းအတွက် အတားအဆီးများ ပြုလုပ်ခြင်းမှာ ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။
ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည့် ပါကစ္စတန်အခြေစိုက် ဂျိုက်ရှ်-အီ-မိုဟာမက် (JeM) အဖွဲ့၏ အကြီးအကဲ မူလာနာ မာဆွတ်အက်ဇာကိုလည်း အကြမ်းဖက်စာရင်းသွင်းရန် အဆိုပြုချက်များကို အကြိမ်ကြိမ် ဆိုင်းငံ့ခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly