တရုတ်သွင်းကုန်များက အာဖရိကကုန်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်

By ANI  
26 January 2023
တရုတ်သွင်းကုန်များက အာဖရိကကုန်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်

တရုတ်က လက်ရှိတွင် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သလို ကုန်ကြမ်းတင်ပို့သည့် ထိပ်တန်း နိုင်ငံလည်းဖြစ်သည်။ တရုတ်သည် ၂၀၁၈ ခုနှစ်တွင် အာဖရိက စုစုပေါင်း၏ တင်သွင်းမှု၏ ၁၆ ရာခိုင်နှုန်းရှိသည်။

တရုတ်၏ ဈေးပေါသောထုတ်ကုန်များသည် အာဖရိကပြည်တွင်းထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်ရာတွင် အားသာနေသဖြင့် နောက်ဆုံးတွင် အာဖရိက ထုတ်ကုန်များသည် ဈေးကွက်မှ ထွက်ခွာသွားရနိုင်သလို အလုပ်အကိုင်အသစ်များ ဖန်တီးခြင်းမပြုနိုင်ဘဲ ကျဆုံးသွားနိုင်သည်။
စက်မှုထွန်းကားမှုသည် လူနေမှုအဆင့်အတန်းမြှင့်တင်ရေးအတွက် အရေးကြီးသည်ဟု ကျယ်ပြန့်စွာရှုမြင်ခြင်း ကြောင့် အာဖရိက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားသောသက်ရောက်မှုများရှိနေသည်။

တရုတ်ထုတ်လုပ်သော ပို့ကုန်များသည် သွင်းကုန်နိုင်ငံများရှိ လုပ်အားခအပေါ် သက်ရောက်မှုရှိမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။
တရုတ်ထုတ်ကုန်တင်သွင်းမှုသည် အထူးသဖြင့် အီသီယိုးပီးယားရှိ ထုတ်ကုန်များနှင့် အမျိုးသား အမျိုးသမီးပေါ် မူတည်၍ ကွဲပြားသည့် လုပ်ခလစာအပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု သတင်းစာအသီးသီးက ဖော်ပြကြောင်း Asia Times က ဆိုသည်။
အမျိုးသားနှင့် အမျိုးသမီး ကုန်ထုတ်လုပ်သားများအတွက် အလုပ်အကိုင်အဆင့် အလုံးစုံကျဆင်းခဲ့သည်။ အမျိုးသမီးများက အချိုးမညီဒဏ်ကို ပိုမိုခံရသည်။ တရုတ်ထုတ်ကုန်များကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ သဖြင့် အမျိုးသားများထက် အမျိုးသမီးအလုပ်သမားများ အလုပ်မှ ပိုမိုထုတ်ပယ်ခံရသည်။

ပြိုင်ဆိုင်မှုဖိအားပေးမှုများအောက်တွင် အီသီယိုးပီးယားကုမ္ပဏီများသည် အမျိုးသားများထက် အမျိုးသမီး အလုပ်သမားများကို အလုပ်မှထုတ်ပယ်ကြကြောင်း မြင်တွေ့နေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly