တရုတ်နှင့် ဆက်ဆံရေးကြောင့် နီပေါရှိ တိဗက်လူမျိုးများ အခက်ကြုံနေ

By ANI 
26 January 2023
တရုတ်နှင့် ဆက်ဆံရေးကြောင့် နီပေါရှိ တိဗက်လူမျိုးများ အခက်ကြုံနေ

တရုတ်နှင့် နီပေါ၏ ဆက်ဆံရေးက တိဗက်ဒုက္ခသည်များအတွက် ပြဿနာဖြစ်စေပြီး နီပေါတွင် တိဗက်ဒုက္ခသည်ဦးရေ ၁၂၅၄၀ သာရှိခြင်းက ယင်းပြဿနာများကို ဖော်ပြနေကြောင်း ၂၀၂၀ ပြည့်နှစ် UNHCR အစီရင်ခံစာကို ကိုးကား၍ ပြင်သစ်သတင်းစာ Le Monde diplomatique တွင် ဗစ်တိုးရီးယား ဂျုံးက ရေးသားထားသည်။

စာရွက်စာတမ်းများနှင့် မှတ်တမ်းများအပါအဝင် အခြားသော အခက်အခဲများကြောင့် နီပေါတွင် တိဗက်ဒုက္ခ သည်ဦးရေ ၁၂ ၅၄၀ သာရှိကြောင်း ၂၀၂၀ ပြည့်နှစ် UNHCR အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဗစ်တိုးရီးယားဂျုံးသည် လန်ဒန်အခြေစိုက်နိုင်ငံတကာမူဝါဒ အကဲဖြတ်အဖွဲ့ဖြစ်သည့် အာရှပစိဖိတ်ဖောင်ဒေးရှင်း မှ အကြီးတန်း သုတေသနအဖွဲ့ဝင် ဖြစ်သည်။

တရုတ်နှင့် နီပေါတို့သည် ၁၉၅၅ ခုနှစ် အစောပိုင်းတွင် တိဗက်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ် ပြုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ 
နီပေါက တိဗက်ဒုက္ခသည်များအား ဖြိုးခွင်းမှုကို တဖြည်းဖြည်း စတင်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် ဘုရင် ဘီရမ်ဒရာ ကွယ်လွန်ပြီးနောက် တိဗက်ဒုက္ခသည်များအတွက် အဆိုးဆုံးဖြစ်လာခဲ့သည်။

နီပေါသည် ၂၀ဝ၂ ခုနှစ်တွင် ဒလိုင်းလားမား၏ မွေးနေ့ပွဲများကျင်းပခြင်းကို ပထမဆုံးအကြိမ် ဖျက်သိမ်းခဲ့ကြောင်း စာရေးဆရာ အမစ်မူလ်မီ All Roads Lead North ဟူသော စာအုပ်ကို ကိုးကား၍ ဗစ်တိုးရီးယားဂျုံးက ဖော်ပြခဲ့သည်။
တရုတ်၏ ဖိအားကြောင့် ၂၀ဝ၅ ခုနှစ်တွင် ဒလိုင်းလားမား၏ နီပေါရုံးခန်းကိုလည်း ပိတ်ပစ်ခဲ့သည်။
တိဗက်ပွဲများနှင့် စုဝေးပွဲများကို မည်သို့ကိုင်တွယ်ရမည်ကို နီပေါအာဏာပိုင်များအား တရုတ်က ညွှန်ကြားထားပြီး အသုံးပြုမည့် အရာရှိအရေအတွက်နှင့် ရဲတပ်သားများကို ကြီးကြပ်ရမည့်နည်းလမ်းများကိုလည်း အသိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly