အစ္စရေးအခြေစိုက် Software က မြန်မာသို့ သူလျှိုဆော့ဝဲလ် ရောင်းချခွင့်တင်ဒါ အောင်မြင်ခဲ့ဟု ဆို

အစ္စရေးအခြေစိုက် Software က မြန်မာသို့ သူလျှိုဆော့ဝဲလ် ရောင်းချခွင့်တင်ဒါ အောင်မြင်ခဲ့ဟု ဆို

အာဏာသိမ်းခေါင်းဆောင်တွေထံ သူလျှိုဆော့ဝဲလ်ရောင်းချရာမှာ ပါဝင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော် ပြပြီးနောက် အစ္စရေးကုမ္ပဏီတစ်ခုနဲ့ တာဝန်ရှိသူတွေဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ပွားခင် အစ္စရေးအခြေစိုက် Cognyte Software Ltd (CGNT.O) ဟာ မြန်မာ အစိုးရပိုင် ဆက်သွယ်ရေးလုပ်ငန်းကို ကြားဖြတ်ဖမ်းယူရေးပစ္စည်းကိရိယာများ ရောင်းချဖို့ တင်ဒါအောင်မြင်ခဲ့ ကြောင်း၊ ရိုက်တာသတင်းဌာန က ဆိုပါတယ်။

ရိုက်တာသတင်းဌာနဟာ အဆိုပါကိစ္စနဲ့ပတ်သက်တဲ့စာရွက်စာတမ်းကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အခုလိုမျိုး ဖော်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာနည်းပညာတွေ မရောင်းချဖို့ အစ္စရေးတရားရုံးချုပ်က ၂ဝ၁၇ ခုနှစ်မှာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ရောင်းချခြင်းဖြစ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အစ္စရေးအစိုးရကလည်း ကာကွယ်ရေးဆိုင်ရာ ပို့ကုန်တွေ တင်ပို့မှုကို မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ အစ္စရေးလူအခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သူ အီတေးမက်က အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းတောင်းဆိုထားပြီး အစ္စရေးနည်းပညာကုမ္ပဏီ အပါအဝင် အမည်မဖော်လိုတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ အဆိုပါတင်ဒါစာချုပ်ကိစ္စကို ကြီးကြပ်ခဲ့ကြောင်း ဆိုပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အစ္စရေး Software ကုမ္ပဏီဖြစ်တဲ့ Cognyte၊ နစက နဲ့ မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT တို့ဟာ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးကြောင်း ရိုက်တာသတင်းဌာန က ပြောပါတယ်။

ဒါ့အပြင် အစ္စရေး ရှေ့နေချုပ်၊ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန တို့ဟာလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။

Cognyte ကုမ္ပဏီက ထုတ်လုပ်တဲ့ကြားဖြတ်ထောက်လှမ်းရေးပစ္စည်းကိရိယာကို မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT က စမ်းသပ်ထားပြီးဖြစ်ကြောင်း အဆိုပါကိစ္စကို သိရှိသူနှစ်ဦးက ပြောဆိုထားကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြထားပါတယ်။

Cognyte ကုမ္ပဏီနဲ့ အမည်မဖော်လိုသော ကာကွယ် ရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတွေဟာ မြန်မာနိုင်ငံက လူသားမဆန်သော ရာဇဝတ်မှုတွေကို ကူညီတဲ့ သဘောတူညီချက်တွေကို ကြီးကြပ်ခဲ့ တယ်လို့ သူက ဆိုပါတယ်။

သူလျှိုဆော့ဝဲလ်ဆိုတာ အာဏာပိုင်တွေကို ဆက်သွယ်ရေးနဲ့ အင်တာနက်ကုမ္ပဏီတွေရဲ့ အကူအညီမပါ ဘဲ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်တာ၊ စာသားတွေ ကြည့်ရှုတာ၊ အီးမေးလ်တွေ စစ်ဆေးတာနဲ့ အသုံး ပြုသူရဲ့ တည်နေရာကို ခြေရာခံနိုင်အောင် လုပ်ပိုင်ခွင့်တွေ ပေးအပ်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required