တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း တစ်နေ့လျှင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၆ ၀၀၀ ခန့်ရှိနိုင်

တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း တစ်နေ့လျှင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၆ ၀၀၀ ခန့်ရှိနိုင်

တရုတ်နိုင်ငံ နှစ်သစ်ကူး အားလပ်ရက်များအတွင်း ၁ ရက်လျှင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၆ ၀၀၀ အထိ ရှိလာနိုင်ပြီး အဆိုးရွားဆုံးကပ်ရောဂါကာလများအနက် တစ်ခုဖြစ်ကြောင်း ကမ္ဘာနိုင်ငံများတွင် ကြုံတွေ့ရသမျှ အကြီးမားဆုံးသောရောဂါဖြစ်ပွားမှုဆိုင်ရာ ဆန်းစစ်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။  

အချက်အလက်ကုမ္ပဏီ Airfinity Ltd က ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်အထိ ၁ ရက်လျှင်သေဆုံးမှု ၁၁ ၀၀၀ ဦးရှိမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပြီး ခန့်မှန်းမှုအရေအတွက်မြင့်တက်လာမှုက ရောဂါဖြစ်ပွားမှုအရှိန်အဟုန်နှင့် ကမ္ဘာ့လူဦးရေအများဆုံးတရုတ်တွင် ကူးစက်ပြန့်ပွားပုံနှင့်ပတ်သက်၍ ရှင်းလင်းတိကျသော အချက်အလက်များ မရရှိခြင်းကို ပြသနေသည်။ နောက်ဆုံးထုတ်ပြန်ချက်သည် ကိုဗစ်ကန့်သတ်ချက်များ ပထမဆုံးရုပ်သိမ်းပြီးနောက်တခြား ကိုဗစ်ကင်းစင်သည့်နိုင်ငံများနှင့် တရုတ်ဒေသတွင်းပြည်နယ်များမှ အချက်အလက်များကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း  လန်ဒန်အခြေစိုက် သုတေသနကုမ္ပဏီက ပြောကြားခဲ့သည်။

နှစ်သစ်ကူးအားလပ်ရက်တွင် အိမ်သို့ပြန်လာသူ သန်းပေါင်းများစွာက မိသားစုများနှင့် ပြန်လည်ဆုံစည်းခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်မားမှုကို ပိုမိုဆိုးရွားစေသောကြောင့် တရုတ်နိုင်ငံသည် အချိန်ပိုကြာပြီး ပိုဆိုးသော  ကိုဗစ်ကူးစက်မှုလှိုင်းကို တွေ့ကြုံခံစားရဖွယ်ရှိကြောင်း ကပ်ရောဂါကို ခြေရာခံသော ကျန်းမာရေး လေ့လာဆန်းစစ်မှုကုမ္ပဏီက ဆိုသည်။

တရုတ်နိုင်ငံတွင် ၂၀၂၂ ဒီဇင်ဘာမှ စတင်၍ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၈ ၀၀၀ ဦးရှိကြောင်း Airfinity က ခန့်မှန်းထားသည်။ လက်ရှိ ရောဂါဖြစ်ပွားချိန်  ပထမ ၅ ပတ်အတွင်း ဆေးရုံတင်ခဲ့သည့်လူနာများအနက် ကိုဗစ်နှင့် ဆက်စပ်သေဆုံးမှု ၆၀ ၀၀၀ နီးပါးရှိကြောင်းကို တရုတ်အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သူများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ၏ အရေးပါဆုံး အားလပ်ရက်ဖြစ်သည့် တရုတ်နှစ်သစ်ကူးတွင် လွတ်လပ်စွာ ခရီးသွားနိုင်မည်ဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly