အိုမီခရွန် တစ်ကျော့ပြန် ကူးစက်ခြင်းများနှင့် ဆက်နွှယ်သော ပြင်းထန်သောရောဂါကူးစက်မှုများကို တရုတ် ဆေးဝန်ထမ်းများ သတိပေး

အိုမီခရွန် တစ်ကျော့ပြန် ကူးစက်ခြင်းများနှင့် ဆက်နွှယ်သော ပြင်းထန်သောရောဂါကူးစက်မှုများကို တရုတ် ဆေးဝန်ထမ်းများ သတိပေး

ကျန်းမာရေးဝန်ထမ်းများသည် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ တစ်ကျော့ပြန် ကူးစက်ခံထားရသူအများအပြားကို တွေ့မြင်နေရကာ အခက်ကြုံနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ပိုမိုဝန်ပိလာနေကြောင်း သတင်းရင်းမြစ်အများအပြားက RFA သို့ ပြောသည်။
ကိုဗစ်-၁၉ ကြောင့် ကိုယ်ခံအားစနစ် ပျက်စီးကာ ဒုတိယကူးစက်မှုလှိုင်းကို ကြုံတွေ့လာရသည်ဟု မြောက်ပိုင်း ရှီးကျားကျွမ်းမြို့မှ ကျန်းမာရေးဝန်ထမ်းဖြစ်သူ လီက ပြောသည်။
"ကိုဗစ်-၁၉ ပထမအကြိမ်ကူးစက်ခံရချိန်မှာ ကိုယ်ခံအားစနစ်ထိခိုက်ပျက်စီးသွားတာကြောင့် မြို့ပြင် ဒေသတွေမှာ တစ်ကျော့ပြန် ကူးစက်မှုအများအပြားဖြစ်နေတယ်လို့ ကြားနေရပါတယ်။ 
" လူတွေဟာ ပထမအကြိမ် ကူးစက်ခံရမှုထက် ၅ ဆကနေ ၁၀ ဆလောက် ပိုဆိုးတဲ့ ဝေဒနာကို ခံစားနေကြရ ပါတယ်။" ဟု လီက ပြောကြားခဲ့သည်။
လူနာများသည် ပထမအကြိမ် ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အစောဆုံး ၁ လခန့်အတွင်း တစ်ကျော့ပြန်ကူးစက်ခံရကြောင်းနှင့် ဗိုင်းရပ်စ်ကြောင့် ကိုယ်ခံအားစနစ် အားနည်းသွားကြောင်း အမည်မဖော်လိုသော ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။ 
"အိုမီခရွန် တစ်ကျော့ပြန်ကူးစက်မှု ဖြစ်ပွားနှုန်းက သိသိသာသာ တိုးလာပါတယ်" ဟု ဟူနန်တရုတ်တိုင်းရင်း ဆေးတက္ကသိုလ်၏ အမှတ် ၂ တွဲဖက်ဆေးရုံမှ ဆရာဝန်ချန်က ပြောကြားခဲ့သည်။
"ရောဂါဖြစ်ပွားသူ ၃ သန်းမှာ ၃ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁ သိန်းလောက်က တစ်ကျော့ပြန်ကူးစက်ခံရတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်" ဟု ချန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဒေသအများစုတွင် မကြာသေးမီရက်များအတွင်း ကူးစက်မှုနှုန်း ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း အစီရင်ခံစာများက ဖော်ပြခဲ့ခြင်းကြောင့် အိုမီခရွန် အနည်းဆုံးတစ်ကြိမ် ကူးစက်ခံထားရသူ သန်း ၉၀ဝ ခန့်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly