အိန္ဒိယက ၃ လအတွင်း တရုတ်ကို ကျော်တက်ကာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလခန့်မှန်း

By Daily Mail
23 January 2023
အိန္ဒိယက ၃ လအတွင်း တရုတ်ကို ကျော်တက်ကာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလခန့်မှန်း

အိန္ဒိယ၏ လူဦးရေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၄ ရက်တွင် တရုတ်ကို ကျော်တက်ကာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာ၌ ခန့်မှန်းဖော်ပြထားသည်။
တောင်အာရှနိုင်ငံဖြစ်သည့် အိန္ဒိယသည် လက်ရှိတွင် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံရှိပြီး တရုတ်လူဦးရေမှာ ၁ ဒသမ ၄၅ ဘီလီယံရှိနေကာ မွေးဖွားနှုန်းပိုမိုမြင့်မားခြင်းနှင့် ငယ်ရွယ်သူဦးရေပိုများခြင်းကြောင့် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအဖြစ် တရုတ်ကို ကျော်တက်ပြီး လူဦးရေအများဆုံး နိုင်ငံဖြစ်လာပေမည်။
တရုတ်လူဦးရေ လျော့ကျလာချိန်တွင် အိန္ဒိယလူဦးရေက လျင်မြန်စွာ တိုးတက်လာသဖြင့် ကျန်၂၁ ရာစုတွင် အိန္ဒိယက လူဦးရေအများဆုံးအဖြစ် ဆက်လက်ရပ်တည်နေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
အိန္ဒိယလူဦးရေသည် ဧပြီလ ၁၅ ရက်မှ စတင်ပြီး ၁ ၄၂၅ ၇၇၅ ၈၅၀ ဦးရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး ယင်းရက်မတိုင်မီ တစ်ရက်အလိုတွင် တရုတ်ကို ကျော်တက်သွားမည်ဟု ဆိုသည်။
လက်ရှိ အိန္ဒိယလူဦးရေ၏ ထက်ဝက်နီးပါးသည် ၂၅ နှစ်အောက်အရွယ်များဖြစ်ပြီး ၄ ပုံ ၁ ပုံမှာ အသက် ၁၅ နှစ်အောက်ဖြစ်သည်။
သို့သော် တရုတ်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံသာ အသက် ၂၅ နှစ်အောက်ဖြစ်သည်။
“အိန္ဒိယစီးပွားရေးက အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပမာဏရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းသာ ရှိနေသေးလို့ အလားအလာအရမ်းကောင်းပါတယ်။ အိန္ဒိယတိုက်ငယ်က အမြဲ လူဦးရေခိုင်မာတောင့်တင်းတယ်” ဟု ရက်ဂါတက္ကသိုလ်မှ တောင်အာရှသမိုင်း လက်ထောက်ပါမောက္ခ ဒေါက်တာ အူဒရာတရက်ရှ်ကီ က Yahoo News သို့ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီသည် လူဦးရေတိုးပွားမှုကို တားဆီးရန်နှင့် အရင်းအမြစ်များကို ထိန်းသိမ်းရန် ၁၉၈၀ ပြည့်နှစ်ကတည်းက မွေးဖွားနှုန်း ကန့်သတ်ချက်များကို ပြဋ္ဌာန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly