နှစ်နိုင်ငံ ပြိုင်ဆိုင်မှုများ ပြင်းထန်လာချိန် အမေရိကန်ကွန်ပျူတာကုမ္ပဏီ Dell Inc. က တရုတ်ချစ်ပ်ပြားများအပေါ် မှီခိုမှုလျှော့ချရန် ဆုံးဖြတ်

By ANI  
23 January 2023
နှစ်နိုင်ငံ ပြိုင်ဆိုင်မှုများ ပြင်းထန်လာချိန် အမေရိကန်ကွန်ပျူတာကုမ္ပဏီ Dell Inc. က တရုတ်ချစ်ပ်ပြားများအပေါ် မှီခိုမှုလျှော့ချရန် ဆုံးဖြတ်

အမေရိကန်ကွန်ပျူတာထုတ်လုပ်ရေးလုပ်ငန်း Dell Inc. သည် တရုတ်နှင့် နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်းကြောင့် တရုတ်ချစ်ပ်များအပေါ် မှီခိုမှုလျှော့ချရန် ဆုံးဖြတ်လိုက်သည်။
ယင်းသည် ချစ်ပ်နည်းပညာကဏ္ဍတွင် တရုတ်အတွက် ဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း Geopolitica.info တွင် ဗယ်လာရီယို ဖက်ဘရီက ရေးသားခဲ့သည်။
နိုင်ငံခြားကုမ္ပဏီများမှ ထုတ်လုပ်သည့် ချစ်ပ်ပြားများ အပါအဝင် တရုတ်ထုတ်ချစ်ပ်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေကြောင်း Dell က ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တရုတ်လုပ်ချစ်ပ်များ အသုံးပြုမှုကို ရပ်တန့်မည်ဟု ပြောသည်။
အမေရိကန်နှင့် တရုတ်ဆက်ဆံရေးတင်းမာမှုအပေါ် စိုးရိမ်မှုများရှိနေချိန်တွင် ကုမ္ပဏီက ထုတ်ကုန်များတွင် တရုတ် အစိတ်အပိုင်းများပါဝင်မှု ပမာဏကို လျှော့ချရန် ပစ္စည်းပေးသွင်းသူများကို ပြောကြားထားသည်။
မြို့အများအပြားတွင် အဆင့်မြင့်နှင့် ဉာဏ်ရည်တုနည်းပညာသုံး ပစ္စည်းများထုတ်လုပ်ရေးကို တိုးတက်အောင် ဆောင်ရွက်နေချိန်တွင် ယင်းဖြစ်ရပ်က တရုတ်အတွက် ဆုတ်ယုတ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ဖက်ဘရီက ရေးသားခဲ့သည်။ 
ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့်တရုတ်အကြား ပြိုင်ဆိုင်မှု ကြီးထွားလာမှု၏ အချက်ပြမှုလည်း ဖြစ်သည်။ တရုတ်၏ နည်းပညာကျွမ်းကျင်မှုအသုံးချပုံကို နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် အမေရိကန်က ရှုမြင်ကြောင်း ဖက်ဘရီက Geopolitica.info တွင် ရေးသားခဲ့သည်။
တရုတ်မဟုတ်သည့် ချစ်ပ်ပြားထုတ်လုပ်သူများပိုင်ဆိုင်သော စက်ရုံများ၌ ထုတ်လုပ်သည့် ချစ်ပ်ပြားများ အပါအဝင် ၎င်းအသုံးပြုနေသည့် တရုတ်ထုတ်ချစ်ပြားပမာဏကို လျှော့ချရန် ရည်ရွယ်ထားကြောင်း Dell က ၂၀၂၂ ခုနှစ်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ ကန့်သတ်ချက်များကြောင့် မိုက်ခရိုချစ်ပ်များ ဝယ်ယူရန် တရုတ်က အခက်ကြုံနေကြောင်း မဟာဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာ အင်ဒို-ပစိဖိတ်စင်တာ (IPCSC) က မကြာသေးမီက အစီရင်ခံတင်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly