တရုတ်အဖွဲ့အစည်းကြောင့် နီပေါရှိ တိဗက်ဒုက္ခသည်များ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် 

By ANI  
23 January 2023
တရုတ်အဖွဲ့အစည်းကြောင့် နီပေါရှိ တိဗက်ဒုက္ခသည်များ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် 

တရုတ်နိုင်ငံငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးမြှင့်တင်ရေးကောင်စီ (CCPPR) သည် ၂၀၂၂ခုနှစ် စက်တင်ဘာလနောက်ပိုင်း နီပေါရှိ တိဗက်ဒုက္ခသည်များ၏ ဘဝများကို ထိန်းချုပ်နေကာ ပင်လယ်ရပ်ခြားတရုတ်အသိုင်းအဝန်းအကြားရှိ အတိုက်အခံများကို ရှာဖွေရန်နှင့် နှုတ်ဆိတ်သွားစေရန် နီပေါရှိ တရုတ်ထိန်းချုပ်ထားသည့် ရှေ့တန်းအဖွဲ့အောက်၌  တိုးချဲ့လုပ်ဆောင်လာကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
နီပေါအစိုးရအပေါ် CCPPR ၏ လွှမ်းမိုးမှုကြောင့် နီပေါရှိ တိဗက်ဒုက္ခသည်များ၏ အခွင့်အရေးများကို ထိခိုက်စေ မည် ဖြစ်ကြောင်း တိဗက်အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်က နီပေါကို ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အလားအလာရှိသော မိတ်ဖက်အဖြစ် ရှုမြင်ထားပြီး နီပေါအစိုးရသည် ၎င်းနိုင်ငံအတွင်းရှိ တိဗက်များ၏ လှုပ်ရှားမှုများကို ကန့်သတ်သည့်အတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ကြောင်း အစီရင်ခံစာတွေင် ဖော်ပြထားသည်။ နီပေါသည် လူသားချင်းစာနာထောက်ထားမှုအဖြစ် တိဗက်ဒုက္ခသည် ၁၅ ၀ဝ၀ ခန့်ကို လက်ခံထားသော်လည်း သက်သေခံကတ်ပြားများ ထုတ်ပေးခြင်းကို ၁၉၉၅ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့သည်။
နီပေါအစိုးရသည် တိဗက်ဒုက္ခသည်များအား ကျောင်းနှင့်ကောလိပ်ဝင်ခွင့်နှင့် ဘဏ်စာရင်းဖွင့်လှစ်ခြင်းတို့ကို ပိတ်ပင်ထားကာ  စီးပွားရေးလုပ်ငန်း မလုပ်ရန်လည်း တားမြစ်ထားသည်။  
နီပေါနှင့် တိဗက်ကို ပိုင်းခြားထားသော ၄၅၅၇ မီတာအရှည်ရှိသည့် တောင်ကြားသို့ လမ်းဖောက်ရာတွင် တရုတ်က မည်သို့ အချိန်ဆွဲနေကြောင်းကို Nature Desai သတင်း၏ Twitter အကောင့်တွင် ဖော်ပြထားသည်။ 
ယင်းအဖွဲ့အစည်းသည် တရုတ်နိုင်ငံခြားရေးမူဝါဒကို ထောက်ခံသည့် လှုပ်ရှားမှုများတွင် ပါဝင်နေကြောင်း တိဗက်အခွင့်အရေးအဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly