တရုတ် သွင်းကုန်ပို့ကုန်ကျဆင်းခြင်းက စီးပွားရေးအတွက် သတိပေးချက်ဖြစ်

တရုတ် သွင်းကုန်ပို့ကုန်ကျဆင်းခြင်းက စီးပွားရေးအတွက် သတိပေးချက်ဖြစ်

သွင်းကုန်များ သိသိသာသာ နှေးကွေးနေချိန်တွင် တရုတ်ပို့ကန်ကဏ္ဍသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနောက် ပိုင်းတွင် အမြန်ဆုံးနှုန်းဖြင့် ကျဆင်းနေပြီး ကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံအတွက် ပြန်လည်နာလန်ထူရန် မလွယ်ကူသေးကြောင်း ပြသနေသည်။
ပို့ကုန်များသည် နှစ်အလိုက် နှိုင်း    ယှဉ်ပါက ဒီဇင်ဘာလတွင် ၉ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း အများဆုံးဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်က အကောက်ခွန်အချက်အလက် များက ဖော်ပြခဲ့သည်။ တင်ပို့မှုမှာလည်း နိုဝင်ဘာလတွင် ၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
သွင်းကုန်မှာ  နိုဝင်ဘာလက ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဇင်ဘာတွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တင်းကျပ်လှသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ၃ နှစ်ကြုံတွေ့ခဲ့ရသော တရုတ်စီးပွားရေးသည် ပြန်လည်ဦးမော့ရန် ကြိုးစားနေဆဲဖြစ်သည်။ ရှည်ကြာလှသော ကပ်ရောဂါကာလအတွင်း ကိုဗစ်ကန့်သတ်ချက်များက စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီးပြီး သန်းပေါင်း များစွာသော စားသုံးသူများကို နေအိမ်တွင်း၌ ပိတ်မိနေစေခဲ့သည်။ 
တရုတ်တွင် ဒီဇင်ဘာလက ကန့်သတ်ချက်အများစုကို ဖြေလျှော့ပြီးနောက် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။
"ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးတာနဲ့ ကုန်စည်ထုတ်လုပ်ရာကနေ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ပြောင်းလဲ သွားတာကြောင့် ပို့ကုန်တွေအတွက် မျှော်မှန်းချက်ဟာ အားနည်းနေဆဲဖြစ်ပါတယ်၊ ပြီးတော့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှုကြောင့် အဓိက ကျဆင်းရတာပါ" ဟု Oxford Economics မှ အကြီးတန်းစီးပွားရေးပညာရှင် လွိုက်ချန်က ပြောကြားခဲ့သည်။
ပြင်ပဝယ်လိုအား နှေးကွေးခြင်းနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုအန္တရာယ်များ မြင့်တက်လာခြင်းများက နိုင်ငံ၏ ကုန်သွယ်မှု တည်ငြိမ်ရေးအတွက် အကြီးမားဆုံးဖိအားဖြစ်စေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly