နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၂၀ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းကို JCC-CDM က ရေးသားပြုစုခဲ့ရာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က  ထုတ်ပြန်လိုက်သည်။ 

  • ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည်ဖွဲ့စည်းရေးမှာ ပါဝင်မည့် အဖွဲ့အစည်း ၆ ခုက စုပေါင်းပြီး တော့ စစ်အာဏာရှင် စနစ်နှင့်အာဏာရှင်အားလုံးချုပ်ငြိမ်းတဲ့အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲများတွင် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု  ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

  • ပေါက်ကြားလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးမှတ်တမ်းကို ခြုံငုံသုံးသပ်ကြည့်ပါက မိမိတို့အတွက်ဆောင်ရ၊ ရှောင်ရှားရမည်အရာများကို တွေ့မြင်ကြရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။ 

  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကသာမြို့နယ်၊ မိုးတားအုပ်စု၊ မိုးတားလေးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး/ထိခိုက် ဒဏ်ရာရသူများ၏ စာရင်းကို အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ထံက ထုတ်ပြန်သည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ၊ ပကဖများ နှင့်   ပြည်သူလူထုများ စုပေါင်း၍ စစ်ကောင်စီ၏ ဟန်ပြအတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် ဆန္ဒပြ ကန့်ကွက်ချီတက်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးသည့် ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ကနီမြို့နယ်တွင် ဒေသခံ စစ်ဘေးရှောင် ပြည်သူများကို Burma Liberation Force (ဗမာ့လွတ် မြောက်ရေး တပ်ဖွဲ့) Medical Team မှ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

  • လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့မှ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့က ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း HERO ARMY -KHIN-U အဖွဲ့ထံမှ သိရသည်။ 

  • ပုလဲတွင် ဒေသခံ တောင်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် "တရားမဝင်တဲ့ ရွေး​ကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကျေးရွာ ပအဖ ပကဖများနှင့် ပြည်သူ လူ ထုများ စုပေါင်း၍ စစ်ကောင်စီ ၏ ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဆန္ဒပြ ကန့်ကွက် ချီတက် ကြသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့် - လုံးခင်းအုပ်စု သပိတ်လူငယ်များမှ "တရားမဝင်တဲ့ အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" ၊ "ပါဝင်ပတ်သက်သူတိုင်းဟာ သမိုင်းတရားခံများသာဖြစ်သည်" ဟူသည့် စာတန်းချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ NRPC ကို ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက် ခဲ့ ကြောင်း Dark Shadow (UG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လက်ထောက် ညွှန်ကြားရေးမှူး ဟောင်း ရွှေဝင်း ပစ်ခတ် ခံရ ပြီး သေဆုံး သွားကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာကို အကြမ်းဖက် စစ်တပ်က လက် နက် ကြီး များ ဖြင့် ပစ်ခတ်ခဲ့ သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် "ယုတ်မာတာကို ခွင့်လွှတ်လိုက်တဲ့အခါ၊ခွင့်လွှတ်ခြင်းဟာ ပြစ်မှုဖြစ်သွားတယ်" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဆိုင်ကယ်ဖြင့်ထွက်လာသော အမှတ် ၃၁၇ အ မြောက် တပ်မှ စစ်သားများကို YGF က တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိကြောင်း YGF မှ ဗိုလ်ကျန်ရစ်က ၎င်း၏ လူမှုကွန်ရက် မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။ 

  • လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ် ကော်မတီမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်အား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် အိန္ဒိယနိုင်ငံဘက်သို့ လက်နက်ကြီးကျရောက်ခဲ့မှုအပေါ် စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဘက်က ပြောဆိုလိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်က ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း KNUက ထုတ်ပြန်သည်။ 

  • ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်( ခလယ်လွီ ထူခရိုင်)တပ်မ ဟာ ၃ နယ်မြေတွင် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဒုတပ် ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန် ချက်အရ သိရသည်။ 

  • ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (၆)မိုင် စံပြကျေးရွာအနီးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း KNDF BO - 9 ကထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ပါက လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ဇန်နဝါရီလ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။ 

 

စစ်ကောင်စီ 

  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ရှေ့ လေယာဉ်ကွင်းအနီးနှင့် ဦးစစ်မောင်လမ်းရှိ ဈေးဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဇန်နဝါရီလ အကုန်တွင် အပြီးဖျက်သိမ်းခိုင်းထားသည်ဟု ဒေသခံများထံမှ သိရသည်။ 

  • လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၂နှစ်ပြည့်မည့် စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူသွားမှာဖြစ်ကြောင်း  အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

  • ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ သံတွဲမြို့တွင် တွေ့ဆုံကြောင်း စစ်ကောင်စီ ပြန်ကြားရေး က ထုတ်ပြန်သည်။ 

  • စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဒေါက်တာကံဇော်သည် ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှု ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့်အဖွဲ့ကို ဇန်နဝါရီ ၁၉ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်အတွင်းသို့ PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

 

ဇန်နဝါရီ ၂၀ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှ နေ့စဉ်ဆန္ဒပြနေသော်လည်း စစ်အုပ်စုမှ ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချမည့် လမ်းအဖြစ်ရွေးကောက်ပွဲကို အတင်းအကျပ်ပြု လုပ်နိုင်ဖွယ်ရှိနေသည်။ 

  • လာမည့်ဖေဖော်ဝါရီတွင် စစ်ကောင်စီမှ ကာလုံခေါ်ကာ အာဏာသိမ်းစစ်အုပ်စု ထိုင်ခုံမြဲရန်အတွက် အကြောင်းပြချက်မျိုးစုံပေးပြီး မျက်နှာပြောင်တိုက်ကာ နေရာယူထားအုံးမည်ဖြစ်သည်။ 

  • ယခုရက်ပိုင်း စစ်အုပ်စုသည် မြေပြင်တွင် အထိနာနေ၍ လေကြောင်းမှ အရပ်သားပြည်သူများနှင့် ကျေးရွာများကိုပါ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly