ထိုင်ဝမ်အနီးတွင် စစ်အခြေစိုက်စခန်းအသစ်များ တည်ဆောက်ရန် ဂျပန် စီစဉ် 

By Taiwan News
19 January 2023
ထိုင်ဝမ်အနီးတွင် စစ်အခြေစိုက်စခန်းအသစ်များ တည်ဆောက်ရန် ဂျပန် စီစဉ် 

ဂျပန်သည်  ၂၀၂၃ ခုနှစ် အစပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် ဒေသတွင်းလုံခြုံရေး မြှင့်တင်ရေးအတွက် စစ်ရေးမဟာမိတ်များဖွဲ့ခြင်းနှင့် အခြေခံကိစ္စများပြင်ဆင်ရင်း အလုပ်များလျက်ရှိသည်။
ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ထိုင်ဝမ်ကာကွယ်ရေး အတွက် ကူညီရန် ပြင်ဆင်နေခြင်းက ယင်းကာကွယ်ရေးမူဝါဒ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဂျပန်ခေါင်းဆောင်များက ပြတ်ပြတ်သားသားပြောကြားထားသည်။
ဂျပန်က ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းရှိ ယဲယာမကျွန်းတန်းတွင် စစ်ဘက်ဆိုင်ရာအဆောက်အအုံများ တိုးချဲ့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်က သတင်းများထွက်ပေါ်ခဲ့သည်။
ဂျပန်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကာ ဒေသတွင်း စစ်ရေးဆိုင်ရာ အရေးပေါ်ကိစ္စများအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 
ဂျပန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါတို့နှင့် စစ်ရေးမဟာမိတ်များ ခိုင်မာအောင်လုပ်ခြင်းဖြင့် ၂၀၂၃ ခုနှစ် အစတွင် စစ်ရေးခြေကုပ်မှုဘက်သို့ ဦးလှည့်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် ဇန်နဝါရီ ၉ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ သမ္မတ အီမန်နျူရယ်မက်ခရွန်းနှင့် တွေ့ဆုံခဲ့သည်။
ခေါင်းဆောင် ၂ ဦးသည် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ကတိပြုခဲ့သလို ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် အစီအစဉ်များကို ကြေညာခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးသည် အရေးကြီးကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
ကီရှီဒါသည် ဇန်နဝါရီ ၁၁ ရက်တွင်လည်း လန်ဒန်မြို့၌  ဗြိတိန်ဝန်ကြီးချုပ် ဆူးနက်ခ်နှင့် တွေ့ဆုံခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly