ကရင်လက်နက်ကိုင်တွေ အားလုံး စည်းလုံးညီညွတ်ရင် တပ်မဟာ(၆)ထဲမှာတင် စစ်ကောင်စီတပ်စခန်းတွေကို ၁ လအတွင်း သိမ်းနိုင်မယ်

By ဟန်ထူးဇော်
19 January 2023
ကရင်လက်နက်ကိုင်တွေ အားလုံး စည်းလုံးညီညွတ်ရင် တပ်မဟာ(၆)ထဲမှာတင် စစ်ကောင်စီတပ်စခန်းတွေကို ၁ လအတွင်း သိမ်းနိုင်မယ်

ကရင်လူငယ်တစ်ဦး ဦးဆောင်ဖွဲ့စည်းထားသည့် Freedom Fighterစစ်ကြောင်း(ကော်သူးလေ တပ်မတော်)က ဒုတပ်ရင်းမှူးဟယ်ရီ ကို မဇ္ဈိမမှ တွေ့ဆုံမေးမြန်းထားသည်။

လူငယ်တစ်ဦးပီပီ လူငယ်ဆန်ဆန်တွေးခေါ်တတ်သည့်အပြင် သူ့စစ်ကြောင်းထဲမှာလည်း အသက် ၁၈နှစ်အရွယ်ကနေ ၂၆နှစ်အရွယ် ဝန်းကျင်လူငယ်တွေ အများအပြားပါဝင်နေသည်။

စစ်ကြောင်းထဲတွင် ကွန်မန်ဒိုသင်တန်းများ ပြန်လည်လေ့ကျင့်ရေးဖွင့်လှစ်ထားပြီး လူငယ်အများအပြားလည်း ပူးပေါင်းပါဝင်လာကျသည်။

“ကရင်လက်နက်ကိုင်တွေအားလုံး စည်းလုံးညီညွတ်နေရင် ကျနော်တို့ တပ်မဟာ(၆)ထဲမှာတင် စစ်ကောင်စီကို တစ်လအတွင်း စခန်းအကုန်သိမ်းနိုင်တယ်”ဟု ဒုတပ်ရင်းမှူးဟယ်ရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required