ခရီးသွားများအား ကိုဗစ်စည်းမျဉ်းကန့်သတ်သည့် နိုင်ငံများကို တုံ့ပြန်သွားမည်ဟု တရုတ် ပြောကြား  

 ခရီးသွားများအား ကိုဗစ်စည်းမျဉ်းကန့်သတ်သည့် နိုင်ငံများကို တုံ့ပြန်သွားမည်ဟု တရုတ် ပြောကြား  

တရုတ်ခရီးသွားများအား ကိုဗစ်စည်းမျဉ်းများ ကန့်သတ်သည့် နိုင်ငံများကို တရုတ်အစိုးရက တုံ့ပြန်သွားမည်ဟု ဇန်နဝါရီ လ ၉ ရက်တွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြလိုက်သည်။
အမေရိကန်တွင် လက်ရှိပျံ့နှံ့နေသော အိုမီခရွန် XBB မျိုးကွဲနှင့်ပတ်သက်သည့် အချက်အလက်များမျှဝေရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တရုတ်က အမေရိကန်အား တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် ဇန်နဝါရီလ ၈ ရက်တွင် ကိုဗစ်စီမံခန့်ခွဲမှုအစီအမံများကို အဆင့် အေ မှ အဆင့် ဘီသို့ ဖြေ လျှော့ပေးခဲ့သည်။ ဇန်နဝါရီလ ၈ ရက်မှ စတင်၍ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုနှင့် လုပ်ငန်းများလည်း ပြန် လည်စတင်ခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်အပါအဝင် နိုင်ငံအချို့က တရုတ်မှ ခရီးသွားများကို ကိုဗစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ထားသည်။ ဝမ်ဝေဘင်းက ယင်းဆောင်ရွက်ချက်များအပေါ် တုံ့ပြန်သည့်အနေဖြင့် တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
တရုတ်၏ ကိုဗစ်စီမံခန့်ခွဲမှုကို အဆင့် ဘီသို့ လျှော့ချခဲ့မှုအား နိုင်ငံအများအပြားက ကြိုဆိုခဲ့ကြသော်လည်း နိုင်ငံအချို့က တရုတ်ခရီးသွားများအပေါ် ကန့်သတ်ချက်ချက်များ ထုတ်ပြန်ခဲ့သည်ဟု ဝမ်ဝေဘင်းက ပြောသည်။
တရုတ်တွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အရှိန်အဟုန်ဖြင့် မြင့်တက်နေသဖြင့် ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံတို့က တရုတ်သို့ မလိုအပ်ဘဲ ခရီးမသွားရန် တိုက်တွန်းထားကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြခဲ့သည်။
"တရုတ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေပြီး ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်နေခြင်းကြောင့် လောလောဆယ် တွင် တရုတ်သို့ မလိုအပ်ဘဲ ခရီးမသွားရန် တိုက်တွန်းလိုပါသည်။" ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
“ဂျာမနီခရီးသွားအကြံပေးချက်ကဲ့သို့ပင် လက်ရှိတွင် တရုတ်သို့ မလိုအပ်ဘဲ ခရီးမသွားရန် လူဇင်ဘတ်အစိုးရက တိုက်တွန်းလိုပါသည်။” ဟု လူဇင်ဘတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly