တရုတ်က ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအမံအသစ် ထုတ်ပြန်ကာ ဗိုင်းရပ်စ်မျိုးကွဲများကို စောင့်ကြည့်ရန် တောင်းဆို 

တရုတ်က ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအမံအသစ် ထုတ်ပြန်ကာ ဗိုင်းရပ်စ်မျိုးကွဲများကို စောင့်ကြည့်ရန် တောင်းဆို 

ကိုဗစ်-၁၉ ပူးတွဲကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာတရုတ်နိုင်ငံတော်ကောင်စီက ၁၀ ကြိမ်မြောက် ဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများကို ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။
အစီအစဉ်အသစ်တွင် ပြောင်းလဲသွားသော မျိုးကွဲများကို စောင့်ကြည့်ခြင်းနှင့် ကြိုတင်သတိပေးချက်အပြင် ပြင်းထန်သောရောဂါဖြစ်ပွားမှုများကို တားဆီးခြင်းဖြင့် ထိခိုက်လွယ်သည့် အုပ်စုများအား ကာကွယ်ခြင်းတို့ကို အလေးပေးဖော်ပြထားသည်။
ကပ်ရောဂါစီမံခန့်ခွဲမှုကို အဆင့်အေမှ အဆင့်ဘီသို့ လျှော့ချရေးဆုံးဖြတ်ချက်နှင့်အညီ ၁၀ ကြိမ်မြောက် ဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အစီအမံအသစ်သည် ကာကွယ်ဆေးထိုးခြင်းနှင့်  မိမိကိုယ်ကို ကာကွယ်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားပြီး မျိုးကွဲအသစ်များကို စောင့်ကြည့်ခြင်းနှင့် တုပ်ကွေးရောဂါစောင့်ကြည့်ရေးကွန်ရက်အသုံးချမှုကို ပိုမိုလုပ်ဆောင်ရန် အလေးပေးဖော်ပြထားသည်။
တုပ်ကွေးကဲ့သို့ နာမကျန်းဖြစ်မှု (ILI) နှင့် ပြင်းထန်သော အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှု (SARI) စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်ရန်  တုပ်ကွေးရောဂါစောင့်ကြည့်ရေးဆေးရုံပေါင်း ၅၅၄ ရုံ လိုအပ်ကြောင်း နိုင်ငံ၏တုပ်ကွေးရောဂါစောင့်ကြည့်ရေးကွန်ရက်က ပြောကြားခဲ့သည်ဟု Global Times က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအတွင်းသို့ ဇန်နဝါရီ ၈ ရက်မှစ၍ ဝင်လာရောက်သူများသည် ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ရန် မလိုတော့ပေ။
မျိုးသစ်မျိုးကွဲများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်ရေးအတွက် ရလဒ်များကို တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ ဗိုင်းရပ်စ်ဗေဒဌာနထံ အစီရင်ခံတင်ပြရန် လိုအပ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly