ဆိုက်ဘာလိမ်လည်မှုဖြင့် တရုတ်နိုင်ငံသားတစ်ဦး တန်ဇန်းနီးယားတွင် ဖမ်းဆီးခံရ

By The HK Post
16 January 2023
ဆိုက်ဘာလိမ်လည်မှုဖြင့် တရုတ်နိုင်ငံသားတစ်ဦး တန်ဇန်းနီးယားတွင် ဖမ်းဆီးခံရ

တရုတ်နိုင်ငံသားတစ်ဦးသည် တန်ဇန်းနီးယား ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့၏ တည်ဆဲဥပဒေများနှင့်ဆန့်ကျင်ကာ   ပြည်ပသို့ ဖုန်း ဆက်သွယ်နိုင်သည့်   တရားမဝင် ပစ္စည်းကိရိယာများ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ 
သံသယရှိသူသည် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်မှုအတွက် ဒဲရက်စ်ဆလာမ် အထူးဇုန်ရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထိန်းသိမ်းခဲ့သူ ၁၁ ဦးတွင် ပါဝင်သူသည်။
မိုဘိုင်းလ်ဖုန်း ၂၃ လုံး၊ အမည်အမျိုးမျိုးဖြင့်မှတ်ပုံတင်ထားသော အော်ပရေတာပေါင်းစုံပါသည့် တယ်လီဖုန်းလိုင်း ၄၃၇ လိုင်း၊ ကွန်ပျူတာ ၆ လုံး၊ ဆင်းမ်ဘောက်စ် ၅ လုံး၊ Router ၃ လုံးနှင့် အားသွင်းဘက်ထရီ ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
တန်ဇန်းနီးယားသမ္မတ ဒေါက်တာ ဆမီးယား ဆူလူဟူ ဟက်ဆန်းနှင့် အခြားသော အစိုးရအကြီးတန်းအရာရှိများအကြောင်း သတင်းမှားများ ဖြန့်ချိခြင်းအပါအဝင် ရာဇဝတ်မှုတွင် အခြားဒေသခံ ၈ ဦးလည်း ပါဝင်ပတ်သက်နေသည်။ သံသယရှိသူများသည် ပြည်တွင်း အွန်လိုင်းရုပ်မြင်သံကြားများပေါ်တွင် သတင်းအချက်အလက်အမှားများနှင့် လုပ်ကြံသတင်းများ လွှင့်တင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
တန်ဇန်းနီးယားတွင် တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်နေသည့် ဖြစ်စဉ်သည် တရုတ်ဆိုက်ဘာရာဇဝတ်ကောင်များ၏ ကမ္ဘာ့ခြိမ်းခြောက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပုံရသည်။ အစောပိုင်းတွင် ချန်ဒူးတွင်အခြေစိုက်ပြီး တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသော ဟက်ကာအဖွဲ့ဖြစ်သည့် APT41 သည် အလုပ်လက်မဲ့အာမခံရန်ပုံငွေနှင့် အသေးစားစီးပွားရေးစီမံခန့်ခွဲမှုချေးငွေများအပါအဝင် အမေရိကန်၏ ကိုဗစ်သက်သာခွင့်ဆိုင်ရာအကျိုးခံစားခွင့်အစီအစဉ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလလောက်က ခိုးယူခဲ့သည်။
တရုတ်ဟက်ကာများသည် ချက်ချင်းငွေချေးသည့် အက်ပလီကေးရှင်းများ၊ ဝက်ဘ်ဆိုက်အတုများ၊ ခရစ်ပတိုငွေကြေး အက်ပလီကေးရှင်းများ၊ အချိန်ပိုင်းအလုပ်ကမ်းလှမ်းမှုများနှင့် အတုအယောင် ခရစ်ပတိုရောင်းဝယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ကမ္ဘာတစ်ဝန်းတွင် ငွေကြေးပမာဏများစွာကို ခိုးယူလျက်ရှိသည်။
ဆိုက်ဘာနည်းပညာများသည် တရုတ်ကို နိုင်ငံနယ်နိမိတ်များကို ကျော်လွန်ပြီး ခြိမ်းခြောက်ရေးသမားများကို မွေးထုတ်ပေးရန် တွန်းအားပေးလျက်ရှိသောကြောင့် တရုတ်သည် မိမိ၏ ရုပ်ဝတ္ထုအခြေပြု ရည်မှန်းချက်များအတွက် အထူးသဖြင့် အားနည်းပြီး မသိနားမလည်သူများကို ပစ်မှတ်ထားရန် ယုတ်မာသည့်  အကြံအစည်များကို အသုံးချရေး စိတ်အားထက်သန်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly