သံတွဲမြို့သို့ စစ်ခေါင်းဆောင်လာရောက်မည်ဟုသတင်းထွက်ပြီးနောက် လုံခြုံရေးတင်းကြပ်

By သူသူဇော် (မဇ္ဈိမ)
16 January 2023
သံတွဲမြို့သို့ စစ်ခေါင်းဆောင်လာရောက်မည်ဟုသတင်းထွက်ပြီးနောက် လုံခြုံရေးတင်းကြပ်

ဇန်နဝါရီလ ၁၆ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင် လာရောက်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံများကပြော သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လာရောက်ရန်ရှိသည်ဟု သတင်းများထွက်နေပြီး သံတွဲမြို့တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်းအား ၁၀၀ ခန့်ကို လမ်းမတစ်လျှောက် တိုးမြှင့်ချထားကြောင်း သိရသည်။

“မင်းအောင်လိူင်လာမယ်ဆိုတာမျိုးတော့ ကျနော်တို့လည်း သိထားပါတယ်။ လက်ရှိမှာက လုံခြုံရေး အပြည့်ယူထားတယ်။ လုံထိန်းတွေကလည်း ထပ်တိုးချထားတယ်။ လမ်းတိုင်းမှာ လမ်းထောင့်တွေကအစ နေရာယူထားတယ်။ မနေ့ကစပြီး လုံခြုံရေးထပ်တိုးချထားတာ တွေ့ရတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

သံတွဲမြို့၏ လမ်းမတစ်လျှောက်ရှိ ဆိုင်ခန်းငယ်များကိုလည်း စည်ပင်နှင့် ထွေအုပ်အဖွဲ့များကဖြိုဖျက်နေ သော်လည်း မြို့အခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ဆိုသည်။

သဘာဝသယံဇာတကိစ္စရပ်များနှင့်ပတ်သက်၍ လာရောက်ရန်ရှိသည့် ၎င်း၏ခရီစဉ်အတွင်း ရုရှားနိုင်ငံမှ အဖွဲ့ဝင်တချို့လည်းပါဝင်မည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

“ ရှရှားတွေ၊ နိုင်ငံခြားသားတွေပါမယ်၊ ဘာညာတော့ ကြားတယ် ” ဟု သံတွဲမြို့မှ တက်ကြွလူပ်ရှားသူ တစ်ဦးကလည်း ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ရခိုင်ပြည်နယ်သို့ ခရီးထွက်ရန်ရှိနေကြောင်းကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ဒုတိယပတ်မှစတင်ကာ စစ်ကောင်စီအသိုင်းအဝိုင်းအကြား သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly