တရုတ်က ရှင်ကျန်းတွင်   နယ်စပ်ဖြတ်ကျော်ခွင့်မပြုသည့် မူဝါဒကျင့်သုံး

By ANI
14 January 2023
တရုတ်က ရှင်ကျန်းတွင်   နယ်စပ်ဖြတ်ကျော်ခွင့်မပြုသည့် မူဝါဒကျင့်သုံး

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် တရုတ်နှင့် ပတ်သက်ပြီးဆိုးရွားသော အစီရင်ခံစာတစ်စောင်ကို သြဂုတ်လက ထုတ်ပြန်ခဲ့ကာ အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်တွင် နေထိုင်သည့် ဝီဂါများနှင့် မွတ်စလင်လူနည်းစု များ၏ အတိဒုက္ခကို ဖော်ပြထားသည်။

တရုတ်အစိုးရက ဝီဂါများကို နိုင်ထက်စီးနင်း ဖမ်းဆီးနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက နှစ်ပေါင်းများစွာ စွပ်စွဲခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် Voice of America (VOA) တွင် ဖော်ပြထားသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံအများအပြားက ဝီဂါအပေါ်တရုတ်၏ ပြုမူဆက်ဆံပုံကို  လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့ကြပြီး  ကျွန်လုပ်သားများထုတ်လုပ်သည့် ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ထားသည်။

ဂျာမယ်အမည်ရသည့် ဝီဂါအမျိုးသားတစ်ဦးက မကြာသေးမီက VOA နှင့် တွေ့ဆုံခဲ့သည်။

VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျာမယ်က "ရှင်ကျန်းတွင် နိုင်ငံကူးလက်မှတ်ဆိုင်ရာ တရုတ်မူဝါဒ၏ ပထမဦး စားပေးမှာ မည်သူမျှ နယ်စပ်ဖြတ်ကျော်ခြင်း မပြုရန်နှင့် လူတိုင်းကို ဒေသအတွင်း၌ ထိန်းသိမ်းထားရန်ဖြစ်သည်" ဟု ရှင်းပြခဲ့သည်။

အစိုးရ၏ မူဝါဒမှာ ဝီဂါများကို နိုင်ငံကူးလက်မှတ်အသစ် မထုတ်ပေးရန်ဖြစ်သည်ဟု ဂျာမယ်က ဆိုသည်။ နာမည်အရင်းဖြင့် မပြောခြင်းက ဂျာမယ်သည် တရုတ်အာဏာပိုင်များ၏ လက်တုံ့ပြန်မည်ကို မည်မျှကြောက်ရွံ့နေ သည်ကို ပြသနေပြီး ဝီဂါများသည် တရုတ်မှ ထွက်ခွာပြီးသည့်တိုင် မီဒီယာများနှင့် မပြောရန် တားမြစ်ခံထားရသည်ဟု ဆိုသည်။

ဂျာမယ်က နိုင်ငံခြားသို့ ရောက်ရှိလာပုံနှင့်ပတ်သက်ပြီး နိုင်ငံကူးလက်မှတ်ရရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရကြောင်းနှင့် ကြိုးနီစနစ်အားလုံးကို ဖြတ်ကျော်ခဲ့ရကြောင်း ပြောပြသည်။

အိမ်ထောင်ဖက်က နိုင်ငံခြားသူဖြစ်လို့ နိုင်ငံကူးလက်မှတ်ကို ပြန်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးခဲ့ပါတယ်။ အဲဒါကြောင့် အစိုးရကနေ နိုင်ငံကူးလက်မှတ်ကို ပြန်ပေးတယ်လို့ ထင်ပါတယ်” ဟု ဂျာမယ်က VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။

ရှင်ကျန်းပြည်နယ်အခြေအနေနှင့်ပတ်သက်၍  ဝီဂါနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်းသည် မည်သည့် တရုတ်အကောက်ခွန်တွင်မဆို ပြည်နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်စာရွက်စာတမ်းကို တင်ပြရကြောင်း ဂျမယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly