တရုတ်၏ အာဏာရှင်ဆန်ဆန်အုပ်စိုးမှုကြောင့် တိဗက်သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုကို ကမ္ဘာက လျစ်လျူရှုလာ

By ANI 
14 January 2023
တရုတ်၏ အာဏာရှင်ဆန်ဆန်အုပ်စိုးမှုကြောင့် တိဗက်သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုကို ကမ္ဘာက လျစ်လျူရှုလာ

 

တရုတ်အစိုးရ၏ အာဏာရှင်ဆန်ဆန် အုပ်စိုးမှုနှင့် တိဗက်ကို ၎င်း၏အစိတ်အပိုင်းတစ်ခုအဖြစ် ပုံဖော်ခြင်းတို့ ကြောင့် ကမ္ဘာနိုင်ငံများသည် တိဗက်အတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုကို လျစ်လျူရှုလာကြကြောင်း Tibet Press က ဖော်ပြလိုက်သည်။

တိဗက်လူမျိုးများသည် ယင်းတို့၏ မြေယာနှင့် လူနေမှုပုံစံကို ထိခိုက်စေသည့် ပြဿနာများကို ကန့်ကွက် ပြောဆိုပိုင်ခွင့် မရှိပေ။

တိဗက်ဒေသသည် လက်ရှိတွင် ဆိုးရွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကြုံတွေ့နေရသည်။ သို့သော် ယင်းပြဿနာများကို နယ်မြေအငြင်းပွားမှုအဖြစ် ပုံဖျက်ထားသည်။ တရုတ်သည် တိဗက်၏ သဘာဝအရင်းအမြစ်များနှင့် ဂေဟဗေဒကို အကျိုးရှိရှိ မသုံးစွဲပေ။

တိဗက်အရေးနိုင်ငံတကာလှုပ်ရှားမှုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စောင့်ကြည့်ရေးအစီရင်ခံစာတွင် လွန်ခဲ့သည့် ၅ နှစ် က တိဗက်သဘာဝအမွေအနှစ်ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အဆင့်အတန်းသက်မှတ်ခြင်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။

တိဗက်လှည့်လည်သွားလာသူများက အသုံးပြုနေသော်လည်း တရုတ်အစိုးရက လူမရှိသောမြေဆိုကာ တိဗက်ရှိ ဟိုရှီသဘာဝဘေးမဲ့တောကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခဲ့သည်။ သဘာဝဘေးမဲ့တောအခြေအနေကို ၂၀၁၇ ခုနှစ်ကတည်းက ပြန်လည်အကဲဖြတ်ခြင်းမပြုရသေးပေ။

ဟိုရှီသည် ချင်ဟိုင်ပြည်နယ်ရှိ ယူရှုတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် တည်ရှိသည်။

အခြေခံအဆောက်အအုံစီမံကိန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှုနှင့် ဒေသခံပြည်သူများကို ရွှေ့ပြောင်းနေရာချမှုကြောင့် ဆိုးရွားသောပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။

တိဗက်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ဆင်ဆာဖြတ်တောက်မှု တိုးလာခြင်းကြောင့် တိဗက်၏ အခြေအနေများကို စောင့်ကြည့်ရန်မှာ မလွယ်ကူလှပေ။

ထို့ကြောင့် နေရာစီမံခန့်ခွဲမှုကို စေ့စေ့စပ်စပ် အကဲဖြတ်ရန် လိုအပ်သည်ဟု Tibet Press က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly