ပါကစ္စတန်တာလီဘန်တို့ တောင်းဆိုသော ခြိမ်းခြောက်ငွေပေးရန် ငြင်းဆိုသည့် ကန်ထရိုက်တာ၏အိမ် တိုက်ခိုက်ခံရ

By Dawn
14 January 2023
ပါကစ္စတန်တာလီဘန်တို့ တောင်းဆိုသော ခြိမ်းခြောက်ငွေပေးရန် ငြင်းဆိုသည့် ကန်ထရိုက်တာ၏အိမ် တိုက်ခိုက်ခံရ

 

ပါကစ္စတန် ရာဝါလ်ပင်ဒီမြို့မှ တရားမဝင်ပါကစ္စတန်တာလီဘန်အဖွဲ့ဝင်တစ်ဦးက အစိုးရကန်ထရိုက်တာတစ်ဦးဆီမှ ခြိမ်းခြောက်ငွေ ရူပီး ၁၅ သန်းတောင်းရာ ငြင်းဆိုခံရသဖြင့် ဒါဟ်မီးလ်ဧရိယာ ဒိုခိလာ့ခမ်အရပ်ရှိ ၎င်း၏အိမ်ကို ဗြောက်အိုးဖြင့် တိုက်ခိုက်ခဲ့သည်။

ရဲတပ်ဖွဲ့ထံ ဇန်နဝါရီ ၁၀ ရက်က အမှုဖွင့်ပြီးနောက် အကြမ်းဖက်မှုနှိမ်နင်းရေးဌာန (CTD) သည် အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။

ဒိုခိလာ့ခမ် ချက်ကရီလမ်းတွင်နေထိုင်သူ အစိုးရကန်ထရိုက်တာ မိုဟာမက်နီဆာသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ၎င်း၏မိုဘိုင်းလ်ဖုန်းမှ အသံမက်ဆေ့ချ်ကို လက်ခံရရှိခဲ့ပြီး ဖုန်းခေါ်ဆိုသူက ၎င်းသည် ပါကစ္စတန်တာလီဘန်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောကြားပြီး ခြိမ်းခြောက်ငွေ ရူပီး ၁၅ သန်း တောင်းခံခဲ့သည်ဟု ဆိုသည်။

နီဆာက ထိုမက်ဆေ့ချ်ကို လျစ်လျူရှုပြီး အကြောင်းမပြန်သည့်အခါ ခြိမ်းခြောက်သူက အစ်ကိုဖြစ်သူ  မရှ်တက်အလီ၏ မိုဘိုင်းဖုန်း သို့ ထပ်ပို့ပြီး နီဆာ့အား မက်ဆေ့ချ်ပြခိုင်းခဲ့သည်။ နီဆာသည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အစိုးရကန်ထရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။

နီဆာ၏ ဇနီးနှင့် သားသမီးများရွာပြန်ခိုက် ၂၀၂၂ ဒီဇင်ဘာ ၂၈ ရက် နံနက် ၄ နာရီတွင် နီဆာသည် အိမ်၌ အိပ်ပျော်နေစဉ် အိမ်အပြင်ဘက်မှ ပေါက်ကွဲသံကြားသဖြင့် လန့်နိုးခဲ့သည်။

အခြေအနေကို ကြည့်ရန် အိမ်ခေါင်မိုးပေါ်သို့ တတ်ခဲ့သော်လည်း မှောင်နေသောကြောင့် ဘာမှ မမြင်ရဟု နီဆာက ရဲတပ်ဖွဲ့သို့ ပြောပြသည်။ နောက်တစ်နေ့တွင် နီဆာ၏အစ်ကိုက မက်ဆေ့ချ်ထပ်မံရရှိခဲ့ပြီး မနေ့ညက သတိပေးခြင်းဖြစ်ကြောင်း သံသယရှိသူက ပြောသည်။

မင်းအစ်ကိုရဲ့အိမ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်မယ်” ဟု သံသယရှိသူက အသံမက်ဆေ့ခ်ျ   ပေးပို့ခဲ့ကြောင်း တိုင်ချက်တွင် ဖော်ပြထားသည်။ နေအိမ်ခေါင်မိုးပေါ်တွင်လည်း ပေါက်ကွဲမှုအပိုင်းအစများကို တွေ့ရှိခဲ့သည်။

သံသယရှိသူသည် WhatsApp ဖြင့် ဖုန်းခေါ်ဆိုခဲ့ပြီး ၎င်း၏တည်နေရာကို ဆုံးဖြတ်ရခက်ခဲကြောင်း သတင်းအရင်းအမြစ်က ပြောသည်။ ယင်းပြဿနာကို ရဲအရာရှိများ၏ အကူအညီဖြင့် ဖြေရှင်းကာ တရားခံကို ဖမ်းဆီးသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly