Grand Royal အရက်ချက်စက်ရုံ မီးလောင်

By 002 (မဇ္ဈိမ)
13 January 2023
Grand Royal အရက်ချက်စက်ရုံ မီးလောင်

ဇန်နဝါရီလ ၁၃ ရက်

နာမည်ကျော်ပြည်တွင်းအရက်လုပ်ငန်းဖြစ်သော Grand Royal အရက်ချက်စက်ရုံ မီးလောင်လျက်ရှိ ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ အရက်ချက်စက်ရုံမှာ မီးလောင်ခဲ့သဖြင့် မှော်ဘီမီးသတ်စခန်းမှ ကနဦးငြိမ်းသတ်ခဲ့သည်။

သို့သော် မီးလောင်မှုမှာ ပိုများလာသဖြင့် ငါးမိနစ်အကြာတွင် level 2 သို့လည်းကောင်း၊ ခြောက်မိနစ်အကြာတွင် Level 3 zအဆင့်သို့လည်းကောင်း တိုးမြှင့်ကာ မီးငြိမ်းသတ်နေရသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။

ယခုသတင်းပို့ချိန်အထိ မီးလောင်နေဆဲဖြစ်ပြီး ဒဏ်ရာရသူများရှိသညိဟု ကနဦးသတင်းရသည်။

မီးလောင်မှုမှာ Grand Royal အရက်ချက်စက်ရုံရှိ အဆောင်တစ်ခုမှ စတင်လောင်ကျွမ်းခဲ့ပြီး အရက်များထားရှိရာသို့ မီးထပ်မံကူးစက်ခဲ့ခြင်းဟု အနီးတွင် နေထိုင်သူအချို့က ပြောသည်။

လတ်တလောတွင် မီးလောင်မှုကို ငြိမ်းသတ်နေသည့် ပရဟတိအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသည်ဟု သိရပြီး ဆက်လက်စုံစမ်းလျက်ရှိသည်။

IBTC ကုမ္ပဏီ လက်အောက်ရှိ Grand Royal အရက်ချက်စက်ရုံတစ်ရုံမှာလည်း လွန်ခဲ့သည့် ဆယ်နှစ်ကျော်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ဖူးသည်။

ဇန်နဝါရီ ၁၂ ရက် ညပိုင်းကလည်း လှိုင်မြို့နယ်ရှိ ရေခဲစက်ရုံတစ်ရုံတွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားပြီး လှိုင်မြို့နယ် (၁၃) ရပ်ကွက်နှင့် (၁၆) ရပ်ကွက် နေထိုင်သူအချို့ မူးလဲအော့အန်ခြင်းများ ဖြစ်ပွားခဲ့သည်။

Photo- မီးသတ်တပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly