အာဖဂန်အမျိုးသမီးများအား အလုပ်လုပ်ခြင်းကို တားမြစ်ပါက လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း ကုလအကြီးအကဲ ပြောကြား

By  ANI
13 January 2023
အာဖဂန်အမျိုးသမီးများအား အလုပ်လုပ်ခြင်းကို တားမြစ်ပါက လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း ကုလအကြီးအကဲ ပြောကြား

 

အာဖဂန်အမျိုးသမီးများကို အလုပ်အလုပ်ခြင်းမှ တားမြစ်ခြင်းသည် အာဖဂန်နိုင်ငံသား ၂၈ သန်းအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် အဟန့်အတားဖြစ်စေလိမ့်မည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့်အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး ဒုတိယတွင်းရေးမှူးချုပ် မာတင်ဂရစ်ဖစ်က ပြောကြားခဲ့ကြောင်း Khaama Press သတင်းတွင် ဖော်ပြထားသည်။

ဂျရစ်ဖစ်စ်၏အဆိုအရ ကုလသမဂ္ဂလက်အောက်ရှိ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းများသည် အာဖဂန်ပြည်သူများအား မရှိမဖြစ်လိုအပ်သည့်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရေးအတွက် အမျိုးသမီးဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုများ လိုအပ်သည်ဟု ဂရစ်ဖစ်က ပြောသည်။

အာဖဂန်နစ္စတန်တွင် အမျိုးသမီးဝန်ထမ်းများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို မရုပ်သိမ်းလျှင် ကုလသမဂ္ဂ၏ အကူအညီပေးရေး အစီအစဉ်များကို ရပ်ဆိုင်းနိုင်ခြေများကြောင်းနှင့်  ရပ်ဆိုင်းလိုက်ပါက နိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ပြောသည်။

အမျိုးသမီးတွေ မပါဝင်ဘဲနဲ့ အာဖဂန်လူ့အဖွဲ့အစည်းမှာရှိတဲ့ အမျိုးသမီးတွေနဲ့မိန်းကလေးတွေ အပါအဝင် လူနည်းစုအုပ်စုတွေကို မရှိမဖြစ်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မပေးနိုင်ပါဘူး” ဟု မာတင်ဂရစ်ဖစ် ကိုးကား၍ Khaama Press တွင်‌ ဖော်ပြထားသည်။

အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများနှင့် ပတ်သက်သည့် ကတိကဝတ်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့သည့် အာဖဂန်နစ္စတန်အစိုးရ၏ ကတိများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်အားကိုးနိုင်မည်မဟုတ်ကြောင်း ဂရစ်ဖစ်က Khaama Press သို့ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှအစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသည့် အမျိုးသမီးဝန်ထမ်းများကို အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်သည့်အတွက် အကူအညီပေးရေးအဖွဲ့အစည်း အများအပြားသည် လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းပစ်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအား ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် တာလီဘန်တို့ သိမ်းပိုက်ပြီးကတည်းက နိုင်ငံအတွင်း အကျပ်အတည်းများသည် ပြီးဆုံးသွားမည့်ပုံမပေါ်သေးဘဲ လူအများအပြားသည် ငတ်မွတ်ခေါင်းပါးမှုနှင့် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်များရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း မကြာသေးမီက TOLO သတင်းတွင် ဖော်ပြခဲ့သည်။

ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှုနှုန်း အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်တွင် လူပေါင်း ၆ ဒသမ ၆ သန်းကျော်သည် အငတ်ဘေးနှင့် ကြုံတွေ့နေရသည်ဟု Save the Children အဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

တာလီဘန်အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့်ပညာရေးမြှင့်တင်မှု အစီအစဉ်များ ပျက်စီးသွားသဖြင့် အာဖဂန်ပြည်သူများထံ အကူအညီများပေးအပ်ရာတွင် ထိရောက်မှု သိပ်မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly