ပွင့်လင်းမြင်သာသော ကိုဗစ်-၁၉ အချက်အလက်များပေးရန် တရုတ်ကို ဥရောပသမဂ္ဂ တောင်းဆို

ပွင့်လင်းမြင်သာသော ကိုဗစ်-၁၉ အချက်အလက်များပေးရန် တရုတ်ကို ဥရောပသမဂ္ဂ တောင်းဆို

 

ဥရောပကျန်းမာရေးနှင့် အစားအစာဘေးကင်းရေးကော်မရှင်အရာရှိ ကရီရာကစ်က တရုတ်၏ ကိုဗစ်-၁၉ အခြေအနေနှင့် ပတ်သက်ပြီး ပူးပေါင်းတုံ့ပြန်မှုဆိုင်ရာ ဥရောပသမဂ္ဂ (EU) ၏ သဘောတူညီချက်ကို ကြိုဆိုကြောင်းနှင့် ကူးစက်ရောဂါဆိုင်ရာ ပွင့်လင်းမြင်သာသော အချက်အလက်များပေးရန် တရုတ်ကို တောင်းဆိုကြောင်း ဇန်နဝါရီလ ၅ ရက်က ပြောကြားသည်။

တရုတ်ခရီးသွားများအား လေယာဉ်ပေါ်မတက်မီ ကိုဗစ်-၁၉ စစ်ဆေးရေးနှင့် နှာခေါင်းစည်းတပ်ဆင်ရေးအတွက် အကြံပြု ချက်တစ်ရပ်ချမှတ်ရန်  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဇန်နဝါရီ ၄ ရက်က သဘောတူညီခဲ့ကြသည်။

"မနေ့ကကျင်းပတဲ့ ဥရောပသမဂ္ဂနိုင်ငံရေးအကျပ်အတည်းစုပေါင်းတုံ့ပြန်မှု (IPCR) အစည်းအဝေးမှာ တရုတ် နိုင်ငံအတွးက ကိုဗစ်-၁၉ အခြေအနေအတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ညှိနှိုင်းတုံ့ပြန်တဲ့သဘောတူညီချက်ကို ကြိုဆိုပါတယ်။ တရုတ်ကလည်း လက်ရှိအခြေအနေနဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ မျှဝေရမှာဖြစ်ပါတယ်" ဟု ကရီရာကစ်က Twitter တွင် ရေးသားခဲ့သည်။

ဥရောပဒေသတွင်းနှင့် တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရန်တစ်ခု တည်းသော နည်းလမ်းဖြစ်ကြောင်း ဥရောပကျန်းမာရေးနှင့် အစားအစာဘေးကင်းရေးကော်မရှင်အရာရှိ ကရီရာ ကစ်က ပြောကြားခဲ့သည်။

တရုတ်သည် ဒီဇင်ဘာလအစောပိုင်းက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပယ်ဖျက်ပြီးနောက် ရောဂါဖြစ်ပွားမှု ရုတ်ခြည်း မြင့်တက်လာခဲ့သည်။

တရုတ် CDC ၏ လေ့လာသုံးသပ်မှုအရ ဒေသတွင်းကူးစက်မှုများတွင် အိုမီခရွန်မျိုးကွဲ BA.5.2 နှင့် BF.7 တို့ကို အများဆုံးတွေ့ရကြောင်း WHO က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ပြည်တွင်းကူးစက်မှုအားလုံး၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းတွင် BA.5.2 နှင့် BF.7 အိုမီခရွန်မျိုးကွဲများကို တွေ့ရသည်” ဟု WHO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly