Breaking News လှိုင်ရေခဲစက်ပေါက်ကွဲမှု လူ ၄၀ ထိခိုက်

Breaking News လှိုင်ရေခဲစက်ပေါက်ကွဲမှု လူ ၄၀ ထိခိုက်

လှိုင်မြို့နယ်ရှိ မိုးရေသန့်စက်ရုံတွင် အမိုးနီးယားဓာတ်ငွေ့ပိုက်ပေါက်ကွဲမှုဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးကျော်ရှိသည်ဟု ကယ်ဆယ်ရေးလုပ်သားများအပြောအရသိရသည်။

(၁၆) ရပ်ကွက်၊ အုတ်ကျင်းလမ်းမရှိ ရေသန့်စက်ရုံတွင် ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရာနေရာတွင် အကူအညီပေးနေသူပရဟိတအသင်းတစ်ခုမှ " ကျွန်တော်တို့ ဆေးရုံကြီးကိုပို့နေရတာ အယောက် ၄၀ ကျော်ပြီ" ဟု ဆိုသည်။

စက်ရုံဘေးကအိမ်တစ်အိမ်တွင် နေထိုင်သူမိသားစုတစ်စုလုံးလည်း မူးမေ့လဲမှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောကြားသည်။

အမိုးနီးယားဓာတ်ငွေ့အနံ့ကို လှိုင်မြို့နယ် အုတ်ကျင်းလမ်းမတစ်လျောက်နေထိုင်သူများ၊ မာလာမြိုင် (၁)၊(၂) ၊( ၃) ၊(၄) လမ်းတွင်းနေထိုင်သူများ အဓိကခံစားနေရပြီး အမိုးနီးယားဓာတ်ငွေ့ကြောင့် မျက်ရည်ယိုမှုများ၊ အသက်ရှုကြပ်မှုများ ခံစားနေခဲ့ရသည်ဟုဆိုသည်။

မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်တွင်ည ၁၀:၄၇ မိနစ်တွင် ဓါတ်ငွေ့ရှင်းလင်းမှုပြီးစီးသည်ဟု ပါရှိသည်။ 

ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့က ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ကိုင်နေစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly