ဒေါက်တာခလမ်ဆမ်ဆွန်ကို ၁၇ (၁) နှင့် ၅၀၅ (က)တို့ဖြင့် စစ်ကောင်စီတရားစွဲ

By အဂမ် (ကချင်မြေ)
13 January 2023
ဒေါက်တာခလမ်ဆမ်ဆွန်ကို ၁၇ (၁) နှင့် ၅၀၅ (က)တို့ဖြင့် စစ်ကောင်စီတရားစွဲ

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းအက်ဥပဒေနှင့် ရာဇသတ်ကြီးပုဒ်မဖြင့် တရားစွဲရန် မြစ်ကြီးနားအကျဉ်းထောင်တွင်းတရားရုံးတွင် ရမန်ယူခဲ့သည်ဟု အကျဥ်းဦးစီး အရာရှိတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့က မြစ်ကြီးနားအကျဥ်းထောင်ရှိ ထောင်တွင်းတရားရုံးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ရုံးထုတ်လာစဥ် မိသားစုဝင်အချို့နှင့် ဆရာတော်၏အမှုကိုကူ ညီလိုက်ပါဆောင်ရွက်ပေးသူများက ဆရာတော်ကို အဝေးမှ ခဏသာလက်ပြနှုတ်ဆက်ခွင့်ရရှိခဲ့ကြောင်း ဆရာတော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

"ဟုတ်၊ ရုံးမထုတ်ဘူး။ ထောင်မှာပဲ ရမန်ကြီးယူတယ်။ ၁၇/၁ နှင့် ၅၀၅(က) နဲ့ စွဲတယ် ။ ၁၃ရက်နေ့မှာ ရုံးထုတ်မယ်။ ဒါပေမယ့် ထောင်မှာပဲ ဖြစ်ဖို့များတယ်။ ခုထိ မိသားစုနဲ့လူတွေ့ အခွင့် မရသေးဘူး။ ဖြတ်လျှောက်တုန်း အဝေးက မှုန်ပြပြလေး လက်ပြ နှုတ်ဆက်ခွင့်ရလိုက်တယ်။" ဟု မိသားစုဝင်က ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကဖမ်းဆီးထားတာ တစ်လကျော်ကြာမှ အခုလို ထောင်တွင်းတ ရားရုံးအဝေးတစ်နေရာမှ တွေ့မြင်ခဲ့ကြရခြင်းသာ ဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဒေါက်တာခလမ်ဆမ်က လုပ်ဖော်ကိုင်ဖက်အခြား ဆ ရာနှစ်ဦးနှင့်အတူ ကျန်းမာရေးဆေးစစ်ခံယူရန် ထိုင်နိုင်ငံသို့အသွား မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required